မ်က္ႏွာႀကီးရာ ဟင္းဖတ္ပါ

0
659

Zawgyi

မ်က္ႏွာႀကီးရာ ဟင္းဖတ္ပါ

တခါတုန္းက ရြာတရြာမွာ ကိုဒီး ဆိုတဲ့ လူတေယာက္ ရွိတယ္ ။ တေန႔မွာ ကိုဒီးဟာ ခရီးသြားရင္း မ်က္စိလည္ လမ္းမွားၿပီး လမ္းစရိတ္ေတြ ျပတ္ကာ အစာေရစာ ကလည္း မစားရနဲ႔ အဝတ္အစား ေတြ ကလည္း စုတ္ျပတ္ ညစ္ေပေန တာေပါ့ ။

ဒီလိုနဲ႔ “ ငါ့ဝမ္းပူဆာ မေနသာ ” ဆိုသလို ဗိုက္ဆာဆာ နဲ႔ နီးစပ္ရာ ရြာေလးေတြ ဆီ တအိမ္ဝင္ တအိမ္ထြက္ စားစရာ လိုက္ေတာင္း ေတာ့တယ္ ။

“ကြၽန္ေတာ့္ကို စားစရာေလး နည္းနည္း ေလာက္ေကြၽးပါ ခင္ဗ်ာ က်ြန္ေတာ္ ခရီးသြားရင္း လမ္းစရိတ္ ျပတ္လာလို႔ပါ ”

လူေတြက သူရဲ႕ ေဟာင္းႏြမ္း စုတ္ၿပဲေနတဲ့ အဝတ္အစားေတြကို ၾကည့္ၿပီး ဒီလူ အ႐ူးပဲ လို႔ ထင္ခဲ့ ၾကေတာ့တယ္ ။

တအိမ္ကဆို သူ႔ကို “ေ၀းေ၀း သြားစမ္း” လို႔ ေအာ္ဟစ္ၿပီး ေမာင္းႏွင္ထုတ္ ခဲ့တယ္ ။ ဒါေၾကာင့္ တေန႔ လံုး ကိုဒီး တေယာက္ ဘာကိုမွ မစားရဘူး ။

ေနာက္တစ္ေန႔ ေရာက္ေတာ့ သူေဌးတေယာက္က လမ္းမွာ ေလွ်ာက္သြားေနတဲ့ ကိုဒီးကို အင္မတန္မွ တန္ဖိုး ရွိတဲ့ အဝတ္အစား တစံု ေပးကမ္း လိုက္တယ္ ။

တန္ဖိုးႀကီး အဝတ္သစ္ ေတြကို ဝတ္ၿပီး အရင္ေန႔ လိုပဲ ကိုဒီး စားစရာ ရလိုရျငား လိုက္ေတာင္းခဲ့ ျပန္တယ္ ။ မေန႔က သူ႔ကို ေအာ္ခဲ့တဲ့ အိမ္ေရာက္ေတာ့ ကိုဒီးလည္း “ ဒီေန႔ ထပ္ေတာင္းၾကည့္ ဦးမွ ” လို႔ စိတ္ကူး ရၿပီး

“ ကြၽန္ေတာ့္ကို စားစရာေလး နည္းနည္း ေလာက္ ” ကိုဒီး ေျပာစကား မဆံုးခင္ မွာပဲ အိမ္ရွင္က
သူ့ရဲ႕ ဝတ္စားထား ပုံကို ၾကည့္ၿပီး

“ ၾကြပါခင္ဗ်ာ ၊ ဘယ့္ႏွယ္ တံခါးအဝ မွာ ရပ္ေနရ ပါလိမ့္ ၊ အိမ္ထဲကို ဝင္ပါခင္ဗ်ာ”

လို႔ တ႐ိုတေသ ေျပာၿပီး စားစရာေတြနဲ႔ တည္ခင္း ဧည့္ခံပါ ေတာ့တယ္ ။ စားပြဲေပၚမွာ စြပ္ျပဳတ္ မ်ဳိးစံု၊ အခ်ဳိပြဲေတြ၊ ထမင္းဟင္းေတြ အျပည့္ ။

ကိုဒီးလည္း အရင္ဆံုး ဆုေတာင္းေမတၱာ ပို႔သလိုက္ၿပီး မုန္႔တခုကို လက္နဲ႔လွမ္းယူၿပီး သူ႔အဝတ္ အစားေတြကို ေကြၽးခဲ့တယ္ ။

“ စား စား”

အိမ္ရွင္က ကိုဒီးရဲ႕ အျပဳအမူ ျမင္ေတာ့

“မဟုတ္တာဗ်ာ . . အ၀တ္အစားက ဘယ္စားပါ့ မလဲ၊ ဘာေၾကာင့္ ေကြၽးရတာ လဲဗ်ာ ” လို႔ ေမးတဲ့အခါ ကိုဒီးက မ်က္ရည္ေတြ က်ၿပီး ျပန္ေျဖခဲ့ တယ္ ။

“ ဒီအဝတ္အစား သစ္သစ္လြင္ လြင္နဲ႔ တန္းဖိုး ရွိလြန္းတာေၾကာင့္ ကြၽန္ေတာ္ ဒီေန႔ စားစရာ ရခဲ့တာပါ ၊ မေန႔က ကြၽန္ေတာ္ ဒီအိမ္ကို အစာ နည္းနည္းေလာက္ လာေတာင္း တုန္းက ေခြးေမာင္း သလို ေမာင္းထုတ္ခံ ခဲ့ရတယ္

ဒါေၾကာင့္ ဒီအဝတ္အစား ေတြကို ကြၽန္ေတာ္ ေက်းဇူးတင္ လြန္းလို႔ သူနဲ႔ ထိုက္တန္တဲ့ အစာ ေတြကို ေကြၽးေနတာပါ ဗ်ာ ” တဲ႔

သင္ခန္းစာ

လူအမ်ားစုဟာ တစ္ပါးသူရဲ႕ အေပၚယံ အျပင္ အဆင္ကို ၾကည့္ၿပီး အဆင့္အတန္း ခြဲျခားတတ္ တယ္ ။

မ်က္ႏွာႀကီးရာ ဟင္းဖတ္ပါ ဆိုတာကို ဒီစာစုေလးနဲ႔ မွ်ေဝေပးလိုက္ ပါတယ္ ။

Ashin Marnita

ေမတၱာမ်ားျဖင့္ ကာယဝါစီ အရွင္မာနိတ

Unicode

မျက်နှာကြီးရာ ဟင်းဖတ်ပါ

တခါတုန်းက ရွာတရွာမှာ ကိုဒီး ဆိုတဲ့ လူတယောက် ရှိတယ် ။ တနေ့မှာ ကိုဒီးဟာ ခရီးသွားရင်း မျက်စိလည် လမ်းမှားပြီး လမ်းစရိတ်တွေ ပြတ်ကာ အစာရေစာ ကလည်း မစားရနဲ့ အဝတ်အစား တွေ ကလည်း စုတ်ပြတ် ညစ်ပေနေ တာပေါ့ ။

ဒီလိုနဲ့ “ ငါ့ဝမ်းပူဆာ မနေသာ ” ဆိုသလို ဗိုက်ဆာဆာ နဲ့ နီးစပ်ရာ ရွာလေးတွေ ဆီ တအိမ်ဝင် တအိမ်ထွက် စားစရာ လိုက်တောင်း တော့တယ် ။

“ကျွန်တော့်ကို စားစရာလေး နည်းနည်း လောက်ကျွေးပါ ခင်ဗျာ ကျွန်တော် ခရီးသွားရင်း လမ်းစရိတ် ပြတ်လာလို့ပါ ”

လူတွေက သူရဲ့ ဟောင်းနွမ်း စုတ်ပြဲနေတဲ့ အဝတ်အစားတွေကို ကြည့်ပြီး ဒီလူ အရူးပဲ လို့ ထင်ခဲ့ ကြတော့တယ် ။

တအိမ်ကဆို သူ့ကို “ဝေးဝေး သွားစမ်း” လို့ အော်ဟစ်ပြီး မောင်းနှင်ထုတ် ခဲ့တယ် ။ ဒါကြောင့် တနေ့ လုံး ကိုဒီး တယောက် ဘာကိုမှ မစားရဘူး ။

နောက်တစ်နေ့ ရောက်တော့ သူဌေးတယောက်က လမ်းမှာ လျှောက်သွားနေတဲ့ ကိုဒီးကို အင်မတန်မှ တန်ဖိုး ရှိတဲ့ အဝတ်အစား တစုံ ပေးကမ်း လိုက်တယ် ။

တန်ဖိုးကြီး အဝတ်သစ် တွေကို ဝတ်ပြီး အရင်နေ့ လိုပဲ ကိုဒီး စားစရာ ရလိုရငြား လိုက်တောင်းခဲ့ ပြန်တယ် ။ မနေ့က သူ့ကို အော်ခဲ့တဲ့ အိမ်ရောက်တော့ ကိုဒီးလည်း “ ဒီနေ့ ထပ်တောင်းကြည့် ဦးမှ ” လို့ စိတ်ကူး ရပြီး

“ ကျွန်တော့်ကို စားစရာလေး နည်းနည်း လောက် ” ကိုဒီး ပြောစကား မဆုံးခင် မှာပဲ အိမ်ရှင်က
သူ့ရဲ့ ဝတ်စားထား ပုံကို ကြည့်ပြီး

“ ကြွပါခင်ဗျာ ၊ ဘယ့်နှယ် တံခါးအဝ မှာ ရပ်နေရ ပါလိမ့် ၊ အိမ်ထဲကို ဝင်ပါခင်ဗျာ”

လို့ တရိုတသေ ပြောပြီး စားစရာတွေနဲ့ တည်ခင်း ဧည့်ခံပါ တော့တယ် ။ စားပွဲပေါ်မှာ စွပ်ပြုတ် မျိုးစုံ၊ အချိုပွဲတွေ၊ ထမင်းဟင်းတွေ အပြည့် ။

ကိုဒီးလည်း အရင်ဆုံး ဆုတောင်းမေတ္တာ ပို့သလိုက်ပြီး မုန့်တခုကို လက်နဲ့လှမ်းယူပြီး သူ့အဝတ် အစားတွေကို ကျွေးခဲ့တယ် ။

“ စား စား”

အိမ်ရှင်က ကိုဒီးရဲ့ အပြုအမူ မြင်တော့

“မဟုတ်တာဗျာ . . အဝတ်အစားက ဘယ်စားပါ့ မလဲ၊ ဘာကြောင့် ကျွေးရတာ လဲဗျာ ” လို့ မေးတဲ့အခါ ကိုဒီးက မျက်ရည်တွေ ကျပြီး ပြန်ဖြေခဲ့ တယ် ။

“ ဒီအဝတ်အစား သစ်သစ်လွင် လွင်နဲ့ တန်းဖိုး ရှိလွန်းတာကြောင့် ကျွန်တော် ဒီနေ့ စားစရာ ရခဲ့တာပါ ၊ မနေ့က ကျွန်တော် ဒီအိမ်ကို အစာ နည်းနည်းလောက် လာတောင်း တုန်းက ခွေးမောင်း သလို မောင်းထုတ်ခံ ခဲ့ရတယ်

ဒါကြောင့် ဒီအဝတ်အစား တွေကို ကျွန်တော် ကျေးဇူးတင် လွန်းလို့ သူနဲ့ ထိုက်တန်တဲ့ အစာ တွေကို ကျွေးနေတာပါ ဗျာ ” တဲ့

သင်ခန်းစာ

လူအများစုဟာ တစ်ပါးသူရဲ့ အပေါ်ယံ အပြင် အဆင်ကို ကြည့်ပြီး အဆင့်အတန်း ခွဲခြားတတ် တယ် ။

မျက်နှာကြီးရာ ဟင်းဖတ်ပါ ဆိုတာကို ဒီစာစုလေးနဲ့ မျှဝေပေးလိုက် ပါတယ် ။

Ashin Marnita

မေတ္တာများဖြင့် ကာယဝါစီ အရှင်မာနိတ

LEAVE A REPLY

Please enter your comment!
Please enter your name here