အခန္းနံပါတ္ ၃၉

0
1384

Zawgyi

အခန္းနံပါတ္ ၃၉

အရပ္ျမင့္ျမင့္ အသားျဖဴျဖဴ လူရည္သန္႔ လူငယ္ တေယာက္ ဟိုတယ္ထဲ ကို ဝင္လာတယ္။ ေကာင္တာေရွ႕ ေရာက္ေတာ့ ဟိုတယ္ပိုင္ရွင္ သူေဌးကို ေမးတယ္ ။

man – အခန္းနံပါတ္ ၃၉ အားလား

boss – အားပါတယ္ဗ်

man – ကၽြန္ေတာ္ ယူလို႔ ရမလား

boss – ရတာေပါ့ဗ်

man – ဟုတ္ကဲ့ ေက်းဇူးပါ

လူငယ္က အခန္းထဲ မဝင္ခင္ အနက္ေရာင္ ဓါးတစ္ေခ်ာင္းရယ္၊ အပ္ခ်ည္ အျဖဴေရာင္ ၃၉ စင္တီမီတာ အရွည္ရယ္ ၊ ၇၃ ဂရမ္ အေလးခ်ိန္ ရွိတဲ့ လိေမၼာ္သီး ရယ္ ရႏိုင္မလားလို႔ သူေဌးကို ေမးတယ္။

သူေဌးကလဲ ရႏိုင္ပါတယ္ လို႔ သေဘာတူ လိုက္တယ္။ ဒီပစၥည္းေတြနဲ႔ ပတ္သက္လို႔ သူအနဲငယ္ အံၾသသြားၿပီး စိတ္ရႈပ္သြား တာေတာ့ အမွန္ပဲ။ လူငယ္ကို ေမးစရာေတြ ရွိလာတယ္။

လူငယ္က အခန္းကို သြားတဲ့ လမ္းတေလွ်ာက္ ဘာစကား တစ္ခြန္းမွ မဟဘူး။ ဒီေတာ့ သူေဌးက ေမးဖို႔ အခြင့္မသာဘူး ။

အဲသည္ အခ်ိန္မွာပဲ အခန္းနံပါတ္ ၃၉ ကို ေရာက္ေတာ့ လူငယ္က အခန္းထဲ ဝင္သြားတယ္။ သူကေတာ့ေမးခြန္းေတြ မေမးလိုက္ရပဲ က်န္ေနခဲ့တယ္ ။

ညသန္းေခါင္ယံ အခ်ိန္ေလာက္ ေရာက္ေတာ့ လူငယ္ရဲ႕ အခန္းထဲကေန ေတာနက္ႀကီး ထဲက လိုပဲ သားရဲ တိရိစၧာန္ သံေတြ ၾကားရတယ္ ။ ထိုင္ခံုစားပြဲေတြ ပစ္ေပါက္သံေတြ ကုတင္ ပြတ္ဆြဲသံေတြ ေအာ္ဟစ္ ညည္းညဴ သံေတြ ၾကားရတယ္ ။

အဲသည္ည သူေဌး အိပ္မေပ်ာ္ ေတာ့ဘူး။ သူ႔ေခါင္းထဲ အေတြးေတြ ဝင္လာတယ္။ အဲ့သည္ အံၾသစရာ ေကာင္းတဲ့အသံေတြက ဘယ္ကလာတာ ျဖစ္ႏိုင္မလဲေပါ့။

မနက္ခင္းေရာက္ေတာ့ လူငယ္က အခန္းလာအပ္တယ္။ ေသာ့ရတာနဲ႔ သူေဌးက အခန္းကို သိခ်င္ေဇာနဲ႔ အေျပးသြားၾကည့္တယ္။

အခန္းထဲမွာ အရာအားလံုး အေကာင္းတိုင္းပဲ။ ပံုမွန္ မဟုတ္တာ တခုမွ မေတြ႕ဘူး။ ဓါးအနက္ေရာင္ ရယ္၊ ၇၃ ဂရမ္ရွိတဲ့ လိေမၼာ္သီး တလံုးရယ္ စားပြဲေပၚမွာ ရွိတယ္။ ၃၉ စင္တီမီတာ ရွည္တဲ့ အပ္ခ်ည္ေတာင္ ပံုစံ မပ်က္ဘူး အားလံုး အေကာင္း တိုင္းပဲ ။

ေကာင္တာမွာ လူငယ္က ပိုက္ဆံ ရွင္းတယ္။ ဟိုတယ္ ဝန္ထမ္း မွတ္ခ်က္မွာ အရမ္း အဆင္ေျပေၾကာင္း မွတ္ခ်က္ ေပးတယ္။ ျပံဳးၿပီးေတာ့ ကားေပၚတက္သြားတယ္။

သူေဌးက ေခၽြးေတြ ပ်ံေနၿပီ ဒါေပမယ့္ ညက သူဘာၾကားခဲ့တယ္ ဆိုတာကိုေတာ့ ဝန္ထမ္းေတြကို မေျပာျပပဲ ထားလိုက္တယ္။ သူ ညက အသံေတြ တကယ္ ၾကားခဲ့တာလား သူ႔ကိုယ္သူ ေဝခြဲမရ အေတြးေတြပြားၿပီး က်န္ခဲ့တယ္ ။

တစ္ႏွစ္တိတိ ၾကာၿပီးတဲ့ အခ်ိန္မွာ လူငယ္က ဟိုတယ္ကို ျပန္ေရာက္ လာတယ္။ သူေဌး စိတ္ထဲမွာ ဗေဟဠိ ျဖစ္ေနတယ္။

လူငယ္က မႏွစ္ကလိုပဲ အခန္းနံပါတ္ ၃၉၊ အနက္ေရာင္ ဓါးတစ္ေခ်ာင္း၊ အပ္ခ်ည္ အျဖဴေရာင္ ၃၉ စင္တီမီတာ အရွည္၊ ၇၃ ဂရမ္ အေလးခ်ိန္ ရွိတဲ့ လိေမၼာ္သီး ဒါေတြပဲ မွာတယ္ ။

ဒီတစ္ခါေတာ့ သူေဌးက မေနႏိုင္ေတာ့ဘူး။ ဒီအခန္းထဲမွာ ဘာေတြျဖစ္လဲ ဆိုတာ အမွန္တရားကို သိဖို႔ အခ်ိန္ေတြ ကုန္ခံ မအိပ္ပဲ ေစာင့္ၾကည့္တယ္ ။

ညသန္းေခါင္ယံ ေရာက္လာၿပီ။ အခန္းထဲကေန အရင္လို ေတာ႐ိုင္းတိရိစၧာန္ အသံေတြ ၾကားရျပန္တယ္။ ပရိေဘာကခံုေတြ ပြတ္တိုက္ ၿပိဳလဲသံေတြ ျပန္ၾကားရျပန္တယ္ ဝ႐ုန္းသုန္းကားနဲ႔ ။ ဒီတစ္ခါ အရင္တစ္ေခါက္ ကထက္ အသံ ပိုက်ယ္ေလာင္ လာတယ္ ။ အဓိပၸါယ္ ေဖာ္မရတဲ့ ညည္းတြားသံေတြ ပါၾကားလာရတယ္ မႏွစ္က မၾကားဖူးတဲ့ အသံမ်ိဳးေတြပါ ၾကားလာ ရတယ္။

မနက္မိုးလင္း လာေတာ့ လူငယ္ အခန္း ျပန္လာအပ္တယ္ ။ သူေဌးက ေသာ့ယူၿပီး အခန္းကို ခါတိုင္းလိုပဲ ျပန္သြား ၾကည့္တယ္ ။ အခန္းထဲမွာ အရာအားလံုး ပံုမွန္ အတိုင္းပဲ။ ဘာမွ မထူးျခားဘူး။

ဒီတစ္ခါလဲ မႏွစ္ကလိုပဲ လူငယ္က ပိုက္ဆံ ရွင္းတယ္ ။ ဝန္ထမ္းေတြကို မုန္႔ဖိုးပါ ေပးသြားတယ္။ အရင္လိုျပံဳးၿပီး ဟိုတယ္က ထြက္သြားျပန္တယ္။

သူေဌး အမွန္တရားကို စတင္ ရွာေဖြဖို႔ ႀကိဳးစားပါေတာ့တယ္ ။ သူယူခိုင္းတဲ့ ပစၥည္းေတြနဲ႔ ဆက္စပ္ႀကိဳးစား ၾကည့္တယ္။ အနက္ေရာင္ဓါး အပ္ခ်ည္ ၃၉ စင္တီမီတာ ၇၃ ဂရမ္ ရွိတဲ့ လိေမၼာ္သီး။ ဘာတစ္ခုမွ ဆက္စပ္လို႔ မရဘူး။ ၿပီးေတာ့ အခန္းနံပါတ္ ၃၉ မွာမွ ဘာလို႔လဲ။ အေျဖ ထြက္မလာ ။

အဲ့သည္ ေနာက္ေတာ့ သူေဌးဟာ မတ္လေရာက္ဖို႔ အတြက္ တက္ႂကြစြာနဲ႔ ေစာင့္ေနတယ္။ မတ္လမွာ လူငယ္က ေရာက္လာတာကိုး။

သူေစာင့္စားတဲ့ေန႔ ေရာက္လာတယ္။ မတ္လ ၁ ရက္ေန႔။ လူငယ္ ေရာက္လာတယ္ အရင္လိုပဲ ၃၉ အခန္းကို လြတ္လား ေမးတယ္။ အဲ့သည္ အခန္းကို ယူတယ္ ၿပီးရင္ အရင္လို ပဲ သူလိုတာေတြ ေတာင္းတယ္။

မႏွစ္ကအတိုင္းပဲ အားလံုး အတူတူပဲ တပံုစံ တည္းပဲ။ တစ္ႏွစ္ထက္ တႏွစ္ အခန္းထဲက အသံေတြ ပိုပိုက်ယ္လာ တာက လြဲလို႔ေပါ့။

မနက္ခင္းေရာက္ေတာ့ လူငယ္ အခန္း လာအပ္တယ္။ သူေဌးက ေတာင္းေတာင္း ပန္ပန္နဲ႔ လူငယ္ကို ေမးတယ္။ ဒီအခန္းထဲမွ ာၾကားရတဲ့ အသံေတြရဲ႕ လွ်ိဳ႕ဝွက္ခ်က္ ကိုေပါ့။

အဲ့သည္မွာ လူငယ္က ျပန္ေျပာတယ္။

man – တကယ္လို႔ ကၽြန္ေတာ္ ဒီလွ်ိဳ႕ဝွက္ခ်က္ကို ေျပာျပခဲ့ရင္ ခင္ဗ်ား တျခား ဘယ္သူ႔ကိုမွ မေျပာျပဘူး။ ျပန္မရွင္းျပဘူးလို႔ ကတိေပးႏိုင္ မလား။

boss – အင္း ကတိေပးတယ္ ဘယ္သူ႔ကိုမွ ျပန္မေျပာ ပါဘူး ။

man – က်ိန္ဆိုမလား

boss – က်ိန္ဆိုပါတယ္

ေနာက္ဆံုးေတာ့ လူငယ္က အဲ့သည္အခန္းရဲ႕ လွ်ိဳ႕ဝွက္ခ်က္ အမွန္ကို သူေဌးကို အေၾကာင္းစံု ဖြင့္ေျပာျပခဲ့လိုက္ေတာ့တယ္။

ဒါေပမယ့္ သူေဌးဟာ စိတ္ရင္းမွန္ၿပီး ကတိ တည္သူ ျဖစ္သည့္ အေလ်ာက္။ သူသိခဲ့ သမွ် အားလံုးကို ဘယ္သူ႔ကို ထပ္မေျပာျပ ေတာ့ပါဘူး ။ အာ့ေၾကာင့္ ကြ်န္ေတာ္လဲ မသိပါဘူး။

သူေျပာျပတဲ့အခ်ိန္ က်ေတာ္ လာျပန္ေျပာျပ ပါ့မယ္ ။ သြားလတ္အူးမယ္ သလား ….

Crd 😁

Unicode

အခန်းနံပါတ် ၃၉

အရပ်မြင့်မြင့် အသားဖြူဖြူ လူရည်သန့် လူငယ် တယောက် ဟိုတယ်ထဲ ကို ဝင်လာတယ်။ ကောင်တာရှေ့ ရောက်တော့ ဟိုတယ်ပိုင်ရှင် သူဌေးကို မေးတယ် ။

man – အခန်းနံပါတ် ၃၉ အားလား

boss – အားပါတယ်ဗျ

man – ကျွန်တော် ယူလို့ ရမလား

boss – ရတာပေါ့ဗျ

man – ဟုတ်ကဲ့ ကျေးဇူးပါ

လူငယ်က အခန်းထဲ မဝင်ခင် အနက်ရောင် ဓါးတစ်ချောင်းရယ်၊ အပ်ချည် အဖြူရောင် ၃၉ စင်တီမီတာ အရှည်ရယ် ၊ ၇၃ ဂရမ် အလေးချိန် ရှိတဲ့ လိမ္မော်သီး ရယ် ရနိုင်မလားလို့ သူဌေးကို မေးတယ်။

သူဌေးကလဲ ရနိုင်ပါတယ် လို့ သဘောတူ လိုက်တယ်။ ဒီပစ္စည်းတွေနဲ့ ပတ်သက်လို့ သူအနဲငယ် အံသြသွားပြီး စိတ်ရှုပ်သွား တာတော့ အမှန်ပဲ။ လူငယ်ကို မေးစရာတွေ ရှိလာတယ်။

လူငယ်က အခန်းကို သွားတဲ့ လမ်းတလျှောက် ဘာစကား တစ်ခွန်းမှ မဟဘူး။ ဒီတော့ သူဌေးက မေးဖို့ အခွင့်မသာဘူး ။

အဲသည် အချိန်မှာပဲ အခန်းနံပါတ် ၃၉ ကို ရောက်တော့ လူငယ်က အခန်းထဲ ဝင်သွားတယ်။ သူကတော့မေးခွန်းတွေ မမေးလိုက်ရပဲ ကျန်နေခဲ့တယ် ။

ညသန်းခေါင်ယံ အချိန်လောက် ရောက်တော့ လူငယ်ရဲ့ အခန်းထဲကနေ တောနက်ကြီး ထဲက လိုပဲ သားရဲ တိရိစ္ဆာန် သံတွေ ကြားရတယ် ။ ထိုင်ခုံစားပွဲတွေ ပစ်ပေါက်သံတွေ ကုတင် ပွတ်ဆွဲသံတွေ အော်ဟစ် ညည်းညူ သံတွေ ကြားရတယ် ။

အဲသည်ည သူဌေး အိပ်မပျော် တော့ဘူး။ သူ့ခေါင်းထဲ အတွေးတွေ ဝင်လာတယ်။ အဲ့သည် အံသြစရာ ကောင်းတဲ့အသံတွေက ဘယ်ကလာတာ ဖြစ်နိုင်မလဲပေါ့။

မနက်ခင်းရောက်တော့ လူငယ်က အခန်းလာအပ်တယ်။ သော့ရတာနဲ့ သူဌေးက အခန်းကို သိချင်ဇောနဲ့ အပြေးသွားကြည့်တယ်။

အခန်းထဲမှာ အရာအားလုံး အကောင်းတိုင်းပဲ။ ပုံမှန် မဟုတ်တာ တခုမှ မတွေ့ဘူး။ ဓါးအနက်ရောင် ရယ်၊ ၇၃ ဂရမ်ရှိတဲ့ လိမ္မော်သီး တလုံးရယ် စားပွဲပေါ်မှာ ရှိတယ်။ ၃၉ စင်တီမီတာ ရှည်တဲ့ အပ်ချည်တောင် ပုံစံ မပျက်ဘူး အားလုံး အကောင်း တိုင်းပဲ ။

ကောင်တာမှာ လူငယ်က ပိုက်ဆံ ရှင်းတယ်။ ဟိုတယ် ဝန်ထမ်း မှတ်ချက်မှာ အရမ်း အဆင်ပြေကြောင်း မှတ်ချက် ပေးတယ်။ ပြုံးပြီးတော့ ကားပေါ်တက်သွားတယ်။

သူဌေးက ချွေးတွေ ပျံနေပြီ ဒါပေမယ့် ညက သူဘာကြားခဲ့တယ် ဆိုတာကိုတော့ ဝန်ထမ်းတွေကို မပြောပြပဲ ထားလိုက်တယ်။ သူ ညက အသံတွေ တကယ် ကြားခဲ့တာလား သူ့ကိုယ်သူ ဝေခွဲမရ အတွေးတွေပွားပြီး ကျန်ခဲ့တယ် ။

တစ်နှစ်တိတိ ကြာပြီးတဲ့ အချိန်မှာ လူငယ်က ဟိုတယ်ကို ပြန်ရောက် လာတယ်။ သူဌေး စိတ်ထဲမှာ ဗဟေဠိ ဖြစ်နေတယ်။

လူငယ်က မနှစ်ကလိုပဲ အခန်းနံပါတ် ၃၉၊ အနက်ရောင် ဓါးတစ်ချောင်း၊ အပ်ချည် အဖြူရောင် ၃၉ စင်တီမီတာ အရှည်၊ ၇၃ ဂရမ် အလေးချိန် ရှိတဲ့ လိမ္မော်သီး ဒါတွေပဲ မှာတယ် ။

ဒီတစ်ခါတော့ သူဌေးက မနေနိုင်တော့ဘူး။ ဒီအခန်းထဲမှာ ဘာတွေဖြစ်လဲ ဆိုတာ အမှန်တရားကို သိဖို့ အချိန်တွေ ကုန်ခံ မအိပ်ပဲ စောင့်ကြည့်တယ် ။

ညသန်းခေါင်ယံ ရောက်လာပြီ။ အခန်းထဲကနေ အရင်လို တောရိုင်းတိရိစ္ဆာန် အသံတွေ ကြားရပြန်တယ်။ ပရိဘောကခုံတွေ ပွတ်တိုက် ပြိုလဲသံတွေ ပြန်ကြားရပြန်တယ် ဝရုန်းသုန်းကားနဲ့ ။ ဒီတစ်ခါ အရင်တစ်ခေါက် ကထက် အသံ ပိုကျယ်လောင် လာတယ် ။ အဓိပ္ပါယ် ဖော်မရတဲ့ ညည်းတွားသံတွေ ပါကြားလာရတယ် မနှစ်က မကြားဖူးတဲ့ အသံမျိုးတွေပါ ကြားလာ ရတယ်။

မနက်မိုးလင်း လာတော့ လူငယ် အခန်း ပြန်လာအပ်တယ် ။ သူဌေးက သော့ယူပြီး အခန်းကို ခါတိုင်းလိုပဲ ပြန်သွား ကြည့်တယ် ။ အခန်းထဲမှာ အရာအားလုံး ပုံမှန် အတိုင်းပဲ။ ဘာမှ မထူးခြားဘူး။

ဒီတစ်ခါလဲ မနှစ်ကလိုပဲ လူငယ်က ပိုက်ဆံ ရှင်းတယ် ။ ဝန်ထမ်းတွေကို မုန့်ဖိုးပါ ပေးသွားတယ်။ အရင်လိုပြုံးပြီး ဟိုတယ်က ထွက်သွားပြန်တယ်။

သူဌေး အမှန်တရားကို စတင် ရှာဖွေဖို့ ကြိုးစားပါတော့တယ် ။ သူယူခိုင်းတဲ့ ပစ္စည်းတွေနဲ့ ဆက်စပ်ကြိုးစား ကြည့်တယ်။ အနက်ရောင်ဓါး အပ်ချည် ၃၉ စင်တီမီတာ ၇၃ ဂရမ် ရှိတဲ့ လိမ္မော်သီး။ ဘာတစ်ခုမှ ဆက်စပ်လို့ မရဘူး။ ပြီးတော့ အခန်းနံပါတ် ၃၉ မှာမှ ဘာလို့လဲ။ အဖြေ ထွက်မလာ ။

အဲ့သည် နောက်တော့ သူဌေးဟာ မတ်လရောက်ဖို့ အတွက် တက်ကြွစွာနဲ့ စောင့်နေတယ်။ မတ်လမှာ လူငယ်က ရောက်လာတာကိုး။

သူစောင့်စားတဲ့နေ့ ရောက်လာတယ်။ မတ်လ ၁ ရက်နေ့။ လူငယ် ရောက်လာတယ် အရင်လိုပဲ ၃၉ အခန်းကို လွတ်လား မေးတယ်။ အဲ့သည် အခန်းကို ယူတယ် ပြီးရင် အရင်လို ပဲ သူလိုတာတွေ တောင်းတယ်။

မနှစ်ကအတိုင်းပဲ အားလုံး အတူတူပဲ တပုံစံ တည်းပဲ။ တစ်နှစ်ထက် တနှစ် အခန်းထဲက အသံတွေ ပိုပိုကျယ်လာ တာက လွဲလို့ပေါ့။

မနက်ခင်းရောက်တော့ လူငယ် အခန်း လာအပ်တယ်။ သူဌေးက တောင်းတောင်း ပန်ပန်နဲ့ လူငယ်ကို မေးတယ်။ ဒီအခန်းထဲမှ ာကြားရတဲ့ အသံတွေရဲ့ လျှို့ဝှက်ချက် ကိုပေါ့။

အဲ့သည်မှာ လူငယ်က ပြန်ပြောတယ်။

man – တကယ်လို့ ကျွန်တော် ဒီလျှို့ဝှက်ချက်ကို ပြောပြခဲ့ရင် ခင်ဗျား တခြား ဘယ်သူ့ကိုမှ မပြောပြဘူး။ ပြန်မရှင်းပြဘူးလို့ ကတိပေးနိုင် မလား။

boss – အင်း ကတိပေးတယ် ဘယ်သူ့ကိုမှ ပြန်မပြော ပါဘူး ။

man – ကျိန်ဆိုမလား

boss – ကျိန်ဆိုပါတယ်

နောက်ဆုံးတော့ လူငယ်က အဲ့သည်အခန်းရဲ့ လျှို့ဝှက်ချက် အမှန်ကို သူဌေးကို အကြောင်းစုံ ဖွင့်ပြောပြခဲ့လိုက်တော့တယ်။

ဒါပေမယ့် သူဌေးဟာ စိတ်ရင်းမှန်ပြီး ကတိ တည်သူ ဖြစ်သည့် အလျောက်။ သူသိခဲ့ သမျှ အားလုံးကို ဘယ်သူ့ကို ထပ်မပြောပြ တော့ပါဘူး ။ အာ့ကြောင့် ကျွန်တော်လဲ မသိပါဘူး။

သူပြောပြတဲ့အချိန် ကျတော် လာပြန်ပြောပြ ပါ့မယ် ။ သွားလတ်အူးမယ် သလား ….

Crd 😁

LEAVE A REPLY

Please enter your comment!
Please enter your name here