0
1747
Zawgyi
” ok ပါ ချစ် ကျေးဇူး ”
၁ လ ကြာသော်အခါ
၃ လ ကြာသော်
” ပြောပါ မောင် ”
၁ နှစ်ကြာသော အခါ ……
မိုင်ဟန်နီ
Unicode
မိန်းမတယောက်ရဲ့ ဂလဲ့စား
မောင် အခုတလော ခြေလှမ်းတွေ ပျက်နေတာ သတိထားမိသည် ။ ကျွန်မ မဟုတ်သော မိန်းကလေး ကို မောင် တွယ်တာ နေသည် ။ ကျွန်မသည် အလွန် သဝန်တို တတ်သော မိန်းမ ဖြစ်သည်ကို မောင် မသိခဲ့လေ သလော ။
ကျွန်မ မောင့် အား အဆုံးရံှုး မခံနိုင်ပါ ။ တခြားမိန်းမ လက်ထဲသို့လဲ ထည့်၍ မပေးနိုင်ပါ ။ ကျွန်မ ၏ အချစ်သည် မရယူ ရလိုလျှင် တစုံတဦး လက်ထဲ သို့လဲ ပျော်ရွှင်စွာ မပေါင်းဖက် စေလိုပါ ။
ထို့ကြောင့် ကျွန်မ ပြောင်းလဲခဲ့သည် ။ မောင် နှင့် တွေ့တိုင်း
” မောင့် မျက်နှာတွေ မဲနေသလိုပဲနော် ရော့ Revlon set လေး သုံးပါ ၊ နူတ်ခမ်းတွေလဲ ခြောက်နေတယ် နော် စိုပြေသွားအောင် Loral’s လေး သုံးပါ ”
” ok ပါ ချစ် ကျေးဇူး ”
၁ လ ကြာသော်အခါ
” မောင် ၊ bady spa သွားရအောင်နော် ၊ ဒီနေ့ မောင့် အသားတွေ ညိုနေသလိုပဲ ပြန်ရင်လဲ Bella set နဲ့ Garnier set ဝယ်ဖို့မမေ့နဲ့အုန်း ”
” ဟင် ဟုတ်လား သွားရအောင်နော် ချစ် ”
၃ လ ကြာသော်
” ချစ် ကို တိုင်ပင်ချင်လို့ ”
” ပြောပါ မောင် ”
” မောင်တို့ ဘဝရှေ့ရေးအတွက် စီးပွားရေး လုပ်ရ တော့ မယ်လေ ၊ အဲ့တာမောင် အလှပြင် သင်တန်း တက်ရင် ကောင်းမလားလို့ ”
” အော် ကောင်းတာပေါ့ မောင်ရယ် ၊ ဒီဖက်ခေတ်မှာ အလှ ဖန်တီးရှင်တွေက မိန်းကလေး ထက် ယောင်္ကျားလေးက ပိုအောင်မြင်ကြ တာလေ ”
” အင်း အဲ့တာဆို မောင် သင်တန်း တက်လိုက် တော့မယ် နော် ၊ ချစ် ကို ကျေးဇူးတင်ပါတယ် ကိုယ့်ကို လမ်းကြောင်း တစ်ခုပေါ်ရောက်အောင် လမ်းပြပေးခဲ့လို့ ”
” အော် ချစ်သူချင်းတွေပဲ မောင် ရယ် ”
၁ နှစ်ကြာသော အခါ ……
” ဟယ် ကမ တွေရေ customer တွေကို သေချာ ဆက်ဆံနော် သူတို့က ငါတို့ရဲ့ ထမင်းရှင်ဟဲ့ $ ကောင်မတွေက ပိုင်ရှင် မရှိရင် မရှိသလိုပဲ အလုပ်လုပ်တာ လက်ကြော မတင်း ချင်ဘူး အဆံကြတော့ အချိန်တန်ရင် လိုချင်တယ် ”
သူ့အသံ ကို ကျွန်မကြားပြီးနောက်
Sorry ပါ မောင် ၊ ကျွန်မ ကလည်း ဘယ်သူ့ကိုမှ သစ္စာမဖောက် သလို ကျွန်မ ကို သစ္စာဖောက် ရင်လဲ ကျွန်မက သည်းမခံတတ် လို့ပါ
အခုတော့ မောင့် ကို ဘယ်သူ့ လက်ထဲမှ ထည့်ပေးစရာ မလိုတော့ဘူးလေ
မိုင်ဟန်နီ
LEAVE A REPLY
Please enter your comment!
Please enter your name here