နဖူးေပၚ ဝက္ၿခံေပါက္ေနလို႔ iPhone X ကို lock ဖြင့္လို႔ မရခဲ့တဲ့ အေမရိကန္ ဆယ္ေက်ာ္သက္

For Zawgyi

နဖူးေပၚ ဝက္ၿခံေပါက္ေနလို႔ iPhone X ကို lock ဖြင့္လို႔ မရခဲ့တဲ့ အေမရိကန္ ဆယ္ေက်ာ္သက္

အေမရိကန္ႏိုင္ငံ ၊ အီလီႏြိဳက္စ္ ျပည္နယ္က ဆယ္ေက်ာ္သက္ တစ္ဦးဟာ သူ႔ရဲ႕ နဖူးေပၚမွာ ဝက္ၿခံ ေပါက္ေနတာေၾကာင့္ iPhone X က သူ႔ရဲ႕ မ်က္ႏွာကို မမွတ္မိခဲ့ဘူးလို႔ သိရပါတယ္ ။

သူဟာ ၿပီးခဲ့တဲ့ ၾကာသပေတးေန႔က နဖူးေပၚမွာ ဝက္ၿခံဖု အႀကီးႀကီး ထြက္လာခဲ့ၿပီး ဖုန္းသုံးဖို႔ facial unlock လုပ္ခ်ိန္မွာ ဖုန္းက သူ႔ရဲ႕မ်က္ႏွာကို unrecognized ( မမွတ္မိ ) ခဲ့တာေၾကာင့္ ဖုန္းကို ေလာ့ခ္ ေျဖလို႔ မရခဲ့ပါဘူး ။ အဲ့ဒီလိုနဲ႔ တစ္ရက္နီးပါး အခ်ိန္ ၾကာသြားခဲ့ပါတယ္ ။

သူကိုင္ေဆာင္တဲ့ ဖုန္းဟာ iPhone X ျဖစ္ၿပီး X စီးရီးစ္ေတြဟာ အရင္ကလိုမ်ိဳး လက္ေဗြစနစ္ ( fingerprint ) အစား မ်က္ႏွာျပင္ ဖတ္နည္းပညာ ( facial recognition ) စနစ္ကို အသုံးျပဳထားတာ ျဖစ္ပါတယ္ ။ ဒါေပမယ့္ အလြန္တရာ ဆိုး႐ြားတဲ့ အေျခအေနမွာသာ ဖုန္းရဲ႕ မွတ္သားႏိုင္စြမ္း ေလ်ာ့နည္းသြားတာ ျဖစ္ၿပီး ဝက္ၿခံေၾကင့္ အခုလို ျဖစ္ရတာကေတာ့ ျဖစ္ေတာင့္ျဖစ္ခဲထက္ေတာင္ ပိုၿပီး ျဖစ္ဖို႔နည္းတဲ့ ကိစၥ ျဖစ္တယ္လို႔ Apple ရဲ႕ Chief Operating Officer အဖြဲ႕ဝင္ တစ္ေယာက္ျဖစ္သူ တိုနီဖာဒယ္လ္က ေျပာၾကားခဲ့ပါတယ္ ။

ေလာ့ခ္ဖြင့္မရတာေၾကာင့္ ဆိုင္သြားျပတဲ့အခ်ိန္မွာ ဆိုင္ကလည္း ဘာမွ မတတ္ႏိုင္ပါဘူး ။ အီလီႏြိဳက္စ္ျပည္နယ္မွာ Official Apple Store 2 ခုရွိတဲ့အခ်ိန္ ၊ အဲ့ဒီ ၂ ဆိုင္စလုံးကလည္း ဘာျဖစ္တယ္ဆိုတာ အေျဖ ရွာမရခဲ့ပါဘူး ။

ေနာက္ဆုံးမွာေတာ့ ဆယ္ေက်ာ္သက္က သူ႔နဖူးေပၚက ဝက္ၿခံကို သတိထားမိခဲ့ၿပီး အစ္မျဖစ္သူရဲ႕ မိတ္ကပ္ ပစၥည္းေတြနဲ႔ ဖုံးပစ္ခဲ့ၿပီး Phone ကို unlock လုပ္ၾကည့္တဲ့ အခါမွာေတာ့ ဖုန္းက unlock ျဖစ္သြားပါေတာ့တယ္ ။ အဲ့ဒီကိစၥနဲ႔ ပတ္သက္လို႔ ဆယ္ေက်ာ္သက္က Apple ရဲ႕ လုံၿခဳံမႈစနစ္ကို တြစ္တာေပၚမွာ ခ်ီးက်ဳးခဲ့ၿပီး တစ္ခ်ိန္တည္းမွာပဲ တင္းက်ပ္လြန္းတဲ့ security system ေၾကာင့္ အေရးတႀကီး ဖုန္းေခၚဆိုမႈေတြ ၊ အီးေမးလ္သုံးရမွာေတြဆိုရင္ ဘယ္လို လုပ္မလဲဆိုၿပီး တစ္ခါတည္း ေမးခြန္းထုတ္ခဲ့ပါတယ္ ။

Credit:Gabriel
Source : we.com.mm

For Unicode

နဖူးပေါ် ဝက်ခြံပေါက်နေတာကြောင့် iPhone X ကို lock ဖွင့်လို့ မရခဲ့တဲ့ အမေရိကန် ဆယ်ကျော်သက်

အမေရိကန်နိုင်ငံ ၊ အီလီနွိုက်စ် ပြည်နယ်က ဆယ်ကျော်သက် တစ်ဦးဟာ သူ့ရဲ့ နဖူးပေါ်မှာ ဝက်ခြံ ပေါက်နေတာကြောင့် iPhone X က သူ့ရဲ့ မျက်နှာကို မမှတ်မိခဲ့ဘူးလို့ သိရပါတယ် ။

သူဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က နဖူးပေါ်မှာ ဝက်ခြံဖု အကြီးကြီး ထွက်လာခဲ့ပြီး ဖုန်းသုံးဖို့ facial unlock လုပ်ချိန်မှာ ဖုန်းက သူ့ရဲ့မျက်နှာကို unrecognized ( မမှတ်မိ ) ခဲ့တာကြောင့် ဖုန်းကို လော့ခ် ဖြေလို့ မရခဲ့ပါဘူး ။ အဲ့ဒီလိုနဲ့ တစ်ရက်နီးပါး အချိန် ကြာသွားခဲ့ပါတယ် ။

သူကိုင်ဆောင်တဲ့ ဖုန်းဟာ iPhone X ဖြစ်ပြီး X စီးရီးစ်တွေဟာ အရင်ကလိုမျိုး လက်ဗွေစနစ် ( fingerprint ) အစား မျက်နှာပြင် ဖတ်နည်းပညာ ( facial recognition ) စနစ်ကို အသုံးပြုထားတာ ဖြစ်ပါတယ် ။ ဒါပေမယ့် အလွန်တရာ ဆိုးရွားတဲ့ အခြေအနေမှာသာ ဖုန်းရဲ့ မှတ်သားနိုင်စွမ်း လျော့နည်းသွားတာ ဖြစ်ပြီး ဝက်ခြံကြေင့် အခုလို ဖြစ်ရတာကတော့ ဖြစ်တောင့်ဖြစ်ခဲထက်တောင် ပိုပြီး ဖြစ်ဖို့နည်းတဲ့ ကိစ္စ ဖြစ်တယ်လို့ Apple ရဲ့ Chief Operating Officer အဖွဲ့ဝင် တစ်ယောက်ဖြစ်သူ တိုနီဖာဒယ်လ်က ပြောကြားခဲ့ပါတယ် ။

လော့ခ်ဖွင့်မရတာကြောင့် ဆိုင်သွားပြတဲ့အချိန်မှာ ဆိုင်ကလည်း ဘာမှ မတတ်နိုင်ပါဘူး ။ အီလီနွိုက်စ်ပြည်နယ်မှာ Official Apple Store 2 ခုရှိတဲ့အချိန် ၊ အဲ့ဒီ ၂ ဆိုင်စလုံးကလည်း ဘာဖြစ်တယ်ဆိုတာ အဖြေ ရှာမရခဲ့ပါဘူး ။

နောက်ဆုံးမှာတော့ ဆယ်ကျော်သက်က သူ့နဖူးပေါ်က ဝက်ခြံကို သတိထားမိခဲ့ပြီး အစ်မဖြစ်သူရဲ့ မိတ်ကပ် ပစ္စည်းတွေနဲ့ ဖုံးပစ်ခဲ့ပြီး Phone ကို unlock လုပ်ကြည့်တဲ့ အခါမှာတော့ ဖုန်းက unlock ဖြစ်သွားပါတော့တယ် ။ အဲ့ဒီကိစ္စနဲ့ ပတ်သက်လို့ ဆယ်ကျော်သက်က Apple ရဲ့ လုံခြုံမှုစနစ်ကို တွစ်တာပေါ်မှာ ချီးကျုးခဲ့ပြီး တစ်ချိန်တည်းမှာပဲ တင်းကျပ်လွန်းတဲ့ security system ကြောင့် အရေးတကြီး ဖုန်းခေါ်ဆိုမှုတွေ ၊ အီးမေးလ်သုံးရမှာတွေဆိုရင် ဘယ်လို လုပ်မလဲဆိုပြီး တစ်ခါတည်း မေးခွန်းထုတ်ခဲ့ပါတယ် ။

Credit:Gabriel
Source : we.com.mm

Source: Old Website

Leave a Reply

Your email address will not be published. Required fields are marked *