Zawgyi
Source: Marry
Unicode
ကြောင်လေးတွေ ချစ်တတ်တဲ့ ကောင်မလေးတွေရဲ့ စိတ်နေစိတ်ထား
တိရစ္ဆာန်လေးတွေကို ချစ်မြတ်နိုးတတ်တဲ့ နှလုံးသား ပိုင်ရှင်တွေရဲ့ စိတ်ဟာ အရမ်းကို နူးညံထိရှလွယ်ပါတယ်။ ဒါကြောင့် တိရစ္ဆာန်လေးတွေ ထဲကမှ ကြောင်လေးတွေကို ဆိုရင် သဲသဲလှုပ် ချစ်တတ်တဲ့ မမတွေရဲ့ စိတ်ထားလေးတွေနဲ့ နေထိုင်ပုံတွေကို မျှဝေပေးပါရစေ ။
ကြောင်ချစ်တတ်တဲ့ မမတွေရဲ့ စိတ်ဟာ ကြောင်လေးတွေ လိုပါပဲ…။ စိတ်နေ စိတ်ထား မြင့်မားတယ် သူများရဲ့ လွှမ်းမိုးချုပ်ခြယ်မှု အောက်မှာ နေရတာကို မုန်းပြီး တသီးတသန့် နေလိုသူ တွေပါ။
ဒ့ါအပြင်အရမ်းကို Sharp ဖြစ်တဲ့ မိန်းကလေး မျိုးပါ။ အရာရာကို ဦးဆောင် စီမံခန့်ခွဲနိုင် မှုလည်း တော်ပါတယ်။ ကြောင်ချစ်တဲ့ မမတွေဟာ ဆိုရင် အပြင်ပန်းအရ ကြည့်ရင် မာနကြီး သယောင် စိတ်ဓာတ် မာကျော သယောင် ရှိပြီး တကယ်တမ်း ကျတော့ ဝမ်းနည်းစရာ အစိတ်အပိုင်း သေးသေးလေး ရှိယုံမြင်ယုံနဲ့တင် ရိူက်ကြီး တငင် ငိုတတ်သူ တွေပါ။
ဘဝမှာ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ ပျော်ပျော် ရွှင်ရွှင် နဲ့လည်း နေတတ်ကြ ပါသေးတယ်။ စိတ်ထားနူးညံသိမ်မွေ့တာတော့ ပြောစရာကို မလိုပါဘူး။ အရေးကြီးတဲ့ တစ်ချက် ကတော့ သူတို့ကို နေရာတကာ ဆရာကြီး လိုက်လုပ်နေတဲ့ သူတွေ အော်ငေါက်တဲ့ လူတွေကို သဘော မကျဘဲ သူတို့ကိုယ်တိုင်သာ ဆရာကြီး လုပ်ရတာကို နှစ်သက် ပါတယ်။
သူ့တို့အပေါ် မဟုတ်တာများ သွားပြောမိလို့ ကတော့ သူတို့ ပြန်ချေပတဲ့ ချေပချက်က မှိုချိုး ကန်စွန်းချိုးတာ ထက်ကို ဆိုးရွား ပါတယ်နော်။
Source: Marry
Source: Old Website
Leave a Reply
Your email address will not be published. Required fields are marked *