ျမန္မာေငြ ၁၀ သိန္းေလာက္ပဲ ကုန္က်တဲ့ ခ်စ္စဖြယ္ လံုးခ်င္းအိမ္ေလး

Zawgyi

ျမန္မာေငြ ၁၀ သိန္းေလာက္ပဲ ကုန္က်တဲ့ ခ်စ္စဖြယ္ လံုးခ်င္းအိမ္ေလး

ေဆာက္လုပ္ခ စရိတ္ သိပ္မၾကီးလွတဲ့ အိမ္ေသးေသးေလးေတြဟာ ခုေနာက္ပိုင္းမွာ ေပၚျပဴလာျဖစ္လာပါတယ္။ ဘတ္စ္ကားေဟာင္းေတြ၊ ကြန္တိန္နာေတြကို လူေနလို႔ ရေအာင္ အိမ္ပံုစံ ျပင္လာၾကတာ ကိုလည္း အြန္လိုင္းေပၚမွာ ေတြ႔ရပါတယ္ ။ အခုေဖာ္ျပမွာေတာ့ diply အြန္လိုင္း ဝက္ဆိုက္ဒ္ေပၚမွာ ေတြ႔ရၿပီး ျမန္မာေငြ (၁၀) သိန္းေလာက္ပဲ ကုန္က်စရိတ္ ရိွတဲ့ အေမရိကန္ မြန္တားနားျပည္နယ္က အိမ္ေလး တစ္လံုးပဲ ျဖစ္ပါတယ္။

အိမ္ေလးကို စံုတြဲတစ္တြဲက ၾကယ္ၾကည့္ဖို႔ ရည္ရြယ္ၿပီး ေဆာက္ထားတာပါ။ ဓာတ္ပံုဆရာမ အဲလာပိုႏိုမာဗီယာနဲ႔ သူမရဲ႕ အမ်ိဳးသားက ဒီအိမ္ေလးကို recycle ျပန္လုပ္ထားတဲ့ စြန္႔ပစ္ပစၥည္းေတြနဲ႔ အိမ္နားတစ္၀ိုက္မွာ ေတြ႔ရတဲ့ ပစၥည္းေတြ သံုးၿပီး ေဆာက္လုပ္ ထားတာပါ။ အိမ္ေလးကို (၃) ပတ္နဲ႔ ေဆာက္လုပ္ ၿပီးစီးခဲ့ကာ စုစုေပါင္း ေဒၚလာ (၇၀၀) ၀န္းက်င္ ကုန္က်ခဲ့ ပါတယ္။

အိမ္ေလး အတြက္ လွ်ပ္စစ္မီးကိုေတာ့ ဆိုလာျပားေတြ ကေန ရယူပါတယ္။ ဖုန္းတစ္လံုး၊ ႏွစ္လံုးေလာက္ကိုေတာ့ အသာေလး အားသြင္းႏိုင္ ပါတယ္။ အိမ္အတြင္းပိုင္းမွာ စတုရန္းေပ (၈၀) ေလာက္ ရွိပါတယ္။ ခပ္က်ဥ္းက်ဥ္း ေသးေသးေလးမို႔ အရုပ္အိမ္ ပုံစံ ေလးေတာင္ ျဖစ္ေန ပါေသးတယ္။ အျပင္ပိုင္းမွာေတာ့ လူႏွစ္ေယာက္စာ ေအးေဆး ထိုင္လို႔ရေအာင္ ေနရာ ကြက္လက္ေလး ခ်န္ထားပါတယ္။

အိမ္ကေလးရဲ႕ အတြင္းပိုင္းကို စိမ္းျပာေရာင္ ျခယ္ထားပါတယ္။ အထဲက အိပ္ရာခင္းေတြကလည္း ပန္းေရာင္ေတြ ျဖစ္ေနတာေၾကာင့္ ျမင္ရံုနဲ႔တင္ အိမ္ေလးရဲ႕ ေႏြးေထြး လွပမႈကို ခံစားရမွာပါ။ အိမ္ကို ခုထားတဲ့ သစ္တံုးေတြ အေပၚမွာေတာ့ ဇနီးေမာင္ႏွံ ႏွစ္ဦးက ပန္းအိုးေလးေတြ တင္ထားလို႔ အိမ္ေလးဟာ ပိုၿပီးေတာင္ အေရာင္ ေတာက္ေန ပါတယ္။

သာမန္ရိုးက် ေတြ႔ျမင္ရတဲ့ အိမ္ေတြထက္ အခု ေဖာ္ျပထားတဲ့ အိမ္ေလးကေတာ့ ရိုမန္းတစ္ ဆန္ၿပီး ပိုခ်စ္ဖို႔ ေကာင္းေနပါတယ္။ ညဘက္ၾကယ္ေတြ ၾကည့္ရင္း ၾကယ္ေတြ ေအာက္မွာ အိပ္စက္ရတဲ့ အရသာကို ျမည္းစမ္းလိုသူေတြ အတြက္ေတာ့ အိပ္မက္ ဆန္ဆန္ ေနရာေလး တခု ပါပဲေနာ္။

လင္းလင္း (ShweMom)

Unicode

မြန်မာငွေ ၁၀ သိန်းလောက်ပဲ ကုန်ကျတဲ့ ချစ်စဖွယ် လုံးချင်းအိမ်လေး

ဆောက်လုပ်ခ စရိတ် သိပ်မကြီးလှတဲ့ အိမ်သေးသေးလေးတွေဟာ ခုနောက်ပိုင်းမှာ ပေါ်ပြူလာဖြစ်လာပါတယ်။ ဘတ်စ်ကားဟောင်းတွေ၊ ကွန်တိန်နာတွေကို လူနေလို့ ရအောင် အိမ်ပုံစံ ပြင်လာကြတာ ကိုလည်း အွန်လိုင်းပေါ်မှာ တွေ့ရပါတယ် ။ အခုဖော်ပြမှာတော့ diply အွန်လိုင်း ဝက်ဆိုက်ဒ်ပေါ်မှာ တွေ့ရပြီး မြန်မာငွေ (၁၀) သိန်းလောက်ပဲ ကုန်ကျစရိတ် ရှိတဲ့ အမေရိကန် မွန်တားနားပြည်နယ်က အိမ်လေး တစ်လုံးပဲ ဖြစ်ပါတယ်။

အိမ်လေးကို စုံတွဲတစ်တွဲက ကြယ်ကြည့်ဖို့ ရည်ရွယ်ပြီး ဆောက်ထားတာပါ။ ဓာတ်ပုံဆရာမ အဲလာပိုနိုမာဗီယာနဲ့ သူမရဲ့ အမျိုးသားက ဒီအိမ်လေးကို recycle ပြန်လုပ်ထားတဲ့ စွန့်ပစ်ပစ္စည်းတွေနဲ့ အိမ်နားတစ်ဝိုက်မှာ တွေ့ရတဲ့ ပစ္စည်းတွေ သုံးပြီး ဆောက်လုပ် ထားတာပါ။ အိမ်လေးကို (၃) ပတ်နဲ့ ဆောက်လုပ် ပြီးစီးခဲ့ကာ စုစုပေါင်း ဒေါ်လာ (၇၀၀) ဝန်းကျင် ကုန်ကျခဲ့ ပါတယ်။

အိမ်လေး အတွက် လျှပ်စစ်မီးကိုတော့ ဆိုလာပြားတွေ ကနေ ရယူပါတယ်။ ဖုန်းတစ်လုံး၊ နှစ်လုံးလောက်ကိုတော့ အသာလေး အားသွင်းနိုင် ပါတယ်။ အိမ်အတွင်းပိုင်းမှာ စတုရန်းပေ (၈၀) လောက် ရှိပါတယ်။ ခပ်ကျဉ်းကျဉ်း သေးသေးလေးမို့ အရုပ်အိမ် ပုံစံ လေးတောင် ဖြစ်နေ ပါသေးတယ်။ အပြင်ပိုင်းမှာတော့ လူနှစ်ယောက်စာ အေးဆေး ထိုင်လို့ရအောင် နေရာ ကွက်လက်လေး ချန်ထားပါတယ်။

အိမ်ကလေးရဲ့ အတွင်းပိုင်းကို စိမ်းပြာရောင် ခြယ်ထားပါတယ်။ အထဲက အိပ်ရာခင်းတွေကလည်း ပန်းရောင်တွေ ဖြစ်နေတာကြောင့် မြင်ရုံနဲ့တင် အိမ်လေးရဲ့ နွေးထွေး လှပမှုကို ခံစားရမှာပါ။ အိမ်ကို ခုထားတဲ့ သစ်တုံးတွေ အပေါ်မှာတော့ ဇနီးမောင်နှံ နှစ်ဦးက ပန်းအိုးလေးတွေ တင်ထားလို့ အိမ်လေးဟာ ပိုပြီးတောင် အရောင် တောက်နေ ပါတယ်။

သာမန်ရိုးကျ တွေ့မြင်ရတဲ့ အိမ်တွေထက် အခု ဖော်ပြထားတဲ့ အိမ်လေးကတော့ ရိုမန်းတစ် ဆန်ပြီး ပိုချစ်ဖို့ ကောင်းနေပါတယ်။ ညဘက်ကြယ်တွေ ကြည့်ရင်း ကြယ်တွေ အောက်မှာ အိပ်စက်ရတဲ့ အရသာကို မြည်းစမ်းလိုသူတွေ အတွက်တော့ အိပ်မက် ဆန်ဆန် နေရာလေး တခု ပါပဲနော်။

လင်းလင်း (ShweMom)

Source: Old Website

Leave a Reply

Your email address will not be published. Required fields are marked *