ေျမြနဲ႔ ပတ္သက္ၿပီး မက္တဲ့ အိပ္မက္ေတြကုိ အတိတ္နိမိတ္ ယူနည္း

Zawgyi

ေျမြနဲ႔ ပတ္သက္ၿပီး မက္တဲ့ အိပ္မက္ေတြကုိ အတိတ္နိမိတ္ ယူနည္း

အိပ္မက္ မက္တယ္ ဆိုတာ ထူးဆန္းတဲ့ ျဖစ္စဥ္တစ္ခု ျဖစ္ျပီး သင္မက္တဲ့ အိပ္မက္ေတြက သင္မၾကာခင္မွာ ၾကံဳေတြ႕ရမယ့္ ကံၾကမၼာနဲ႕ဆက္စပ္မႈေတြ ရွိေနပါတယ္။ ဒါေၾကာင့္ သင့္အိပ္မက္ ထဲမွာ ေျမြကို ျမင္ေတြ႕ရတဲ့အခါ မၾကာခင္ သင္ၾကံဳေတြ႕ ရမယ့္ ကံၾကမၼာက ဘယ္လိုျဖစ္မလဲ ဆိုတာ ေလးေတြကို ေဖာ္ျပေပးလိုက္ ပါတယ္။

(၁) ေျမြေတြ အမ်ားအျပားေတြ႕ရတယ္ဆိုရင္

အျပင္မွာ ေျမြေတြအမ်ားၾကီးကို တစ္ေနရာတည္းမွာ ေတြ႕ဖို႕ မျဖစ္နိုင္ဘူး ပမယ့္ အိပ္မက္ထဲမွာ ေတြ႕လိုက္ရမယ္ ဆိုရင္လည္း သင္အရမ္းကို လန္႕သြားမွာပါ။ အဲ့ဒီလို အိပ္မက္ မက္တာကေတာ့ သင္က အလုပ္ေတြကို မနားမေန ၾကိဳးစားျပီးလုပ္ေနတာေၾကာင့္ က်န္းမာေရး ထိခို္က္တဲ့ အထိ ျဖစ္လာေတာ့မယ့္ အဓိပၸါယ္ပါ။ သင့္ရဲ႕က်န္းမာေရးကို ဂရုစိုက္ရမွာပါ။

(၂) ေျမြက သူ႕ရဲ႕လွ်ာကို ထုတ္ေနတာကို ျမင္ရရင္

သင္ဟာ လက္ရွိဘ၀ထဲမွာ ေၾကာက္ရြံ႕မႈေတြနဲ႔ ရင္ဆိုင္ေနရတဲ့ သေဘာ ရွိပါတယ္။ သင္ေၾကာက္ရြံ႕တဲ့ ျပႆနာေတြနဲ႕ၾကံဳရနိုင္ေခ်ရွိိျပီး အဲ့ဒါေတြကို ေကာင္းေကာင္း ေျဖရွင္းဖို႕ သတၱိေတြ လိုအပ္ေနပါတယ္။

(၃) ေျမြကို သတ္ပစ္လိုက္တယ္လို႕ မက္တယ္ဆိုရင္

မ်ားေသာအားျဖင့္ အိပ္မက္ထဲမွာ ကိုယ့္ဘက္က ဘာမွ မလုပ္လိုက္ရခင္မွာ အိပ္မက္က နိုးသြားတာကမ်ားပါတယ္။ တကယ္လို႕ သင္က ေျမြကို သတ္ပစ္ လုိက္တယ္လို႕ အိပ္မက္မက္တယ္ ဆိုရင္ေတာ့ သင့္ရဲ႕ အလုပ္အကိုင္၊ ၀င္ေငြနဲ႕ ပတ္သက္တဲ့ ကံကေကာင္းလာေတာ့မယ္ ဆိုတဲ့ သေဘာပါ။

(၄) ေျမြကိုက္ခံရတယ္လို႕ အိပ္မက္ မက္ရင္ေတာ့

ေျမြကိုက္ ခံရတယ္လို႕ အိပ္မက္မက္တယ္ ဆိုရင္ေတာ့ တစ္စံုတစ္ေယာက္က သင့္ကို ထိခိုက္ေအာင္လုပ္ဖို႕ ၾကံစည္ေနတာ ျဖစ္နိုင္လို႕ စိတ္ေရာကိုယ္ပါ က်န္းမာေအာင္ ဂရုစိုက္သင့္ ပါတယ္။ ျပီးေတာ့ ေျမြက သင့္ရဲ႕ ရင္ဘတ္နား တ၀ိုက္ကို ကိုက္သြားတယ္လို႕ မက္ရင္ေတာ့ သင္ဟာ အခ်စ္သစ္နဲ႕ ေတြ႕နိုင္ပါတယ္။

(၅) ေျမြျမိဳခံရတယ္ ဒါမွမဟုတ္ ေျမြက သင့္ခႏၶာကိုယ္ ထဲကို ၀င္သြားတယ္လို႕ မက္တယ္ ဆိုရင္ေတာ့

ဒီလိုမက္ရင္ေတာ့ သင့္ဆီ ကံေကာင္းျခင္းေတြ ေရာက္လာေတာ့မွာပါ။ ေနမေကာင္း ျဖစ္ေနသမွ်ေတြ ေပ်ာက္သြားနိုင္ျပီး တျခားေကာင္းတဲ့ ကိစၥေတြ ျဖစ္လာနိုင္ပါတယ္။

(၆) ေျမြက သင့္ခႏၶာကိုယ္ကို ပတ္ထားတယ္ ဆိုရင္ေတာ့

သင့္ရဲ႕အခ်စ္ေရးက ဂရုတစိုက္ ေစာင့္ၾကည့္ရမယ့္ အေျခအေနမ်ိဳး ျဖစ္ေနျပီး သင့္ခ်စ္သူက သစၥေဖာက္တာကို ခံရနိုင္တာေၾကာင့္ သူ႕ရဲ႕ေျခလွမ္းေတြကို ေသခ်ာ ေစာင့္ၾကည့္ျပီး သင့္စိတ္ကိုလည္း ၾကိဳတင္ ျပင္ဆင္ထား သင့္ပါတယ္။

(၇) ျခံဳထဲမွာပုန္းေနတဲ့ ေျမြကို ျမင္လိုက္တယ္လို႕ မက္ရင္ေတာ့

ဒီလိုမက္တယ္ ဆိုရင္ေတာ့ သင့္အေနနဲ႕ အတြင္းစိတ္ အမွန္ကို ဖံုးကြယ္ထားတဲ့ သူေတြနဲ႕ ေတြ႕နိုင္ေခ်ရွိျပီး သူတို႕ေတြရဲ႕ မေကာင္းၾကံျခင္း ကိုလည္း ၾကံဳရနိုင္ ပါတယ္။

Credit – May Thazin Htoo

Unicode

မြွေနဲ့ ပတ်သက်ပြီး မက်တဲ့ အိပ်မက်တွေကို အတိတ်နိမိတ် ယူနည်း

အိပ်မက် မက်တယ် ဆိုတာ ထူးဆန်းတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပြီး သင်မက်တဲ့ အိပ်မက်တွေက သင်မကြာခင်မှာ ကြုံတွေ့ရမယ့် ကံကြမ္မာနဲ့ဆက်စပ်မှုတွေ ရှိနေပါတယ်။ ဒါကြောင့် သင့်အိပ်မက် ထဲမှာ မြွေကို မြင်တွေ့ရတဲ့အခါ မကြာခင် သင်ကြုံတွေ့ ရမယ့် ကံကြမ္မာက ဘယ်လိုဖြစ်မလဲ ဆိုတာ လေးတွေကို ဖော်ပြပေးလိုက် ပါတယ်။

(၁) မြွေတွေ အများအပြားတွေ့ရတယ်ဆိုရင်

အပြင်မှာ မြွေတွေအများကြီးကို တစ်နေရာတည်းမှာ တွေ့ဖို့ မဖြစ်နိုင်ဘူး ပမယ့် အိပ်မက်ထဲမှာ တွေ့လိုက်ရမယ် ဆိုရင်လည်း သင်အရမ်းကို လန့်သွားမှာပါ။ အဲ့ဒီလို အိပ်မက် မက်တာကတော့ သင်က အလုပ်တွေကို မနားမနေ ကြိုးစားပြီးလုပ်နေတာကြောင့် ကျန်းမာရေး ထိခိုက်တဲ့ အထိ ဖြစ်လာတော့မယ့် အဓိပ္ပါယ်ပါ။ သင့်ရဲ့ကျန်းမာရေးကို ဂရုစိုက်ရမှာပါ။

(၂) မြွေက သူ့ရဲ့လျှာကို ထုတ်နေတာကို မြင်ရရင်

သင်ဟာ လက်ရှိဘဝထဲမှာ ကြောက်ရွံ့မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ သဘော ရှိပါတယ်။ သင်ကြောက်ရွံ့တဲ့ ပြဿနာတွေနဲ့ကြုံရနိုင်ချေရှိပြီး အဲ့ဒါတွေကို ကောင်းကောင်း ဖြေရှင်းဖို့ သတ္တိတွေ လိုအပ်နေပါတယ်။

(၃) မြွေကို သတ်ပစ်လိုက်တယ်လို့ မက်တယ်ဆိုရင်

များသောအားဖြင့် အိပ်မက်ထဲမှာ ကိုယ့်ဘက်က ဘာမှ မလုပ်လိုက်ရခင်မှာ အိပ်မက်က နိုးသွားတာကများပါတယ်။ တကယ်လို့ သင်က မြွေကို သတ်ပစ် လိုက်တယ်လို့ အိပ်မက်မက်တယ် ဆိုရင်တော့ သင့်ရဲ့ အလုပ်အကိုင်၊ ဝင်ငွေနဲ့ ပတ်သက်တဲ့ ကံကကောင်းလာတော့မယ် ဆိုတဲ့ သဘောပါ။

(၄) မြွေကိုက်ခံရတယ်လို့ အိပ်မက် မက်ရင်တော့

မြွေကိုက် ခံရတယ်လို့ အိပ်မက်မက်တယ် ဆိုရင်တော့ တစ်စုံတစ်ယောက်က သင့်ကို ထိခိုက်အောင်လုပ်ဖို့ ကြံစည်နေတာ ဖြစ်နိုင်လို့ စိတ်ရောကိုယ်ပါ ကျန်းမာအောင် ဂရုစိုက်သင့် ပါတယ်။ ပြီးတော့ မြွေက သင့်ရဲ့ ရင်ဘတ်နား တဝိုက်ကို ကိုက်သွားတယ်လို့ မက်ရင်တော့ သင်ဟာ အချစ်သစ်နဲ့ တွေ့နိုင်ပါတယ်။

(၅) မြွေမြိုခံရတယ် ဒါမှမဟုတ် မြွေက သင့်ခန္ဓာကိုယ် ထဲကို ဝင်သွားတယ်လို့ မက်တယ် ဆိုရင်တော့

ဒီလိုမက်ရင်တော့ သင့်ဆီ ကံကောင်းခြင်းတွေ ရောက်လာတော့မှာပါ။ နေမကောင်း ဖြစ်နေသမျှတွေ ပျောက်သွားနိုင်ပြီး တခြားကောင်းတဲ့ ကိစ္စတွေ ဖြစ်လာနိုင်ပါတယ်။

(၆) မြွေက သင့်ခန္ဓာကိုယ်ကို ပတ်ထားတယ် ဆိုရင်တော့

သင့်ရဲ့အချစ်ရေးက ဂရုတစိုက် စောင့်ကြည့်ရမယ့် အခြေအနေမျိုး ဖြစ်နေပြီး သင့်ချစ်သူက သစ္စဖောက်တာကို ခံရနိုင်တာကြောင့် သူ့ရဲ့ခြေလှမ်းတွေကို သေချာ စောင့်ကြည့်ပြီး သင့်စိတ်ကိုလည်း ကြိုတင် ပြင်ဆင်ထား သင့်ပါတယ်။

(၇) ခြုံထဲမှာပုန်းနေတဲ့ မြွေကို မြင်လိုက်တယ်လို့ မက်ရင်တော့

ဒီလိုမက်တယ် ဆိုရင်တော့ သင့်အနေနဲ့ အတွင်းစိတ် အမှန်ကို ဖုံးကွယ်ထားတဲ့ သူတွေနဲ့ တွေ့နိုင်ချေရှိပြီး သူတို့တွေရဲ့ မကောင်းကြံခြင်း ကိုလည်း ကြုံရနိုင် ပါတယ်။

Credit – May Thazin Htoo

Source: Old Website

Leave a Reply

Your email address will not be published. Required fields are marked *