အိမ္ယာမဲ့တစ္ေယာက္ကို မုန္႔ထဲ သြားတိုက္ေဆး ထည့္ေကြ်းတဲ့ Youtuber ေထာင္ဒဏ္ခ်မွတ္ခံရ

For Zawgyi

အိမ္ေျခယာမဲ့ တစ္ေယာက္ကို နစ္နာေအာင္ စေနာက္မိတဲ့ video ကို youtube မွာ တင္လို႔ ေထာင္ဒဏ္ ခ်မွတ္ခံရတဲ့ အမ်ိဳးသား

အခ်ိဳ႕ youtube video ေတြက စိတ္ခြန္အားေပးတဲ့ video ေတြျဖစ္ၿပီး အခ်ိဳ႕ video ေတြက စေနာက္ က်ီစယ္ထားတဲ့ ဟာသ video ေတြ ျဖစ္ပါတယ္။ လူအမ်ားစုက ဟာသ video ေတြကို အၾကည့္မ်ားပါတယ္။ ဟာသ video ေတြကို စိတ္ပင္ပန္းတာ ေပ်ာက္ဖို႔၊ ရယ္ေမာခ်င္လို႔ ၾကည့္ၾကပါတယ္။

ဒါေပမယ့္ ေနာက္ေျပာင္ က်ီစယ္ထားတဲ့ အခ်ိဳ႕ video ေတြက တျခားသူေတြကို ထိခိုက္ နစ္နာေစပါတယ္။ Oreo မုန႔္ရဲ႕ cream ေနရာမွာ သြားတိုက္ေဆးကို အစားထိုး ထည့္ၿပီး အိမ္ေျခမဲ့တစ္ေယာက္ကို စေနာက္ စားခိုင္းတဲ့ video ကို ReSet ဆိုတဲ့ Youtube channel တည္ေထာင္သူ တ႐ုတ္ႏြယ္ဖြား စပိန္ႏိုင္ငံသား KangHua Ren က Youtube မွာ တင္ခဲ့ပါတယ္။

အဲဒါနဲ႔ မၿပီးေသးပါဘူး။ ” သြားတိုက္ေဆးက သူ႔သြားေတြကို သန႔္သြားေစမွာ ” လို႔လည္း ေျပာထားပါေသးတယ္။

” ကြၽန္ေတာ္ နည္းနည္းပါးပါးေတာ့ လြန္ရင္ လြန္သြားမွာေပါ့။ ဒါေပမယ့္ အေကာင္းဘက္က ေတြးၾကည့္ရင္ေတာ့ သူ႔သြားေတြကို မွန္မွန္ မတိုက္ႏိုင္ဘူး ထင္လို႔ ကူညီေပးလိုက္တာပါ။ သာမန္လူတစ္ေယာက္ကို ဒီလို စေနာက္လိုက္ရင္ ဘယ္သူမွ ဂ႐ုစိုက္မိမွာ မဟုတ္ပါဘူး။ ဒါေပမယ့္ သူက အိမ္ေျခယာမဲ့ တစ္ေယာက္ျဖစ္ေနေတာ့ လူေတြက တိုင္တာေပါ့ ” လို႔ KangHua Ren က ေျပာပါတယ္။

အိမ္ေျခယာမဲ့ အမ်ိဳးသား နာမည္က Gheorge ျဖစ္ပါတယ္။ Oreo မုန႔္ထဲမွာ သြားတိုက္ေဆး ထည့္ထားေတာ့ သူ အန္ထုတ္လိုက္ပါတယ္။ လမ္းေပၚမွာ ေနေပနယ့္ ဒီလို ဆိုးဆိုးဝါးဝါး စေနာက္ျပဳမူတာမ်ိဳး တစ္ခါမွ မႀကဳံခဲ့ရဘူးလို႔ Gheorge ကေျပာပါတယ္။

ဇြန္လ 1 ရက္ေန႔၊ Barcelona တရား႐ုံးမွာ KangHua Ren ကို စိတ္ဓာတ္ ပ်က္ျပားမႈနဲ႔ အျပစ္ ရွိေၾကာင္း ေတြ႕ရွိခဲ့ပါတယ္။ သူတင္ထားတဲ့ video ကိုလည္း ဖ်က္လိုက္ပါတယ္။ KangHua ကို ေထာင္ဒဏ္ 15 လ၊ ယူ႐ို 20000 ေငြဒဏ္ေဆာင္ဖို႔ အမိန႔္ ခ်မွတ္လိုက္ပါတယ္။ ဒါေပမယ့္ KangHua က ေထာင္က် မွာေတာ့ မဟုတ္ပါဘူး။

စပိန္ႏိုင္ငံမွာ ေယဘုယ်အားျဖင့္ ပထမအႀကိမ္မွာ ျပင္းထန္တဲ့ ရာဇဝတ္မႈမ်ိဳး မဟုတ္ရင္ ေထာင္ဒဏ္ ႏွစ္ႏွစ္နဲ႔ အထက္ေတြက ျပစ္ဒဏ္ ခံယူစရာ မလိုပါဘူး။ Gheorge အတြက္နစ္နာေၾကးေငြ ေလ်ာ္ေပးဖို႔၊ သူ႔ရဲ႕ channel ေတြကို ငါးႏွစ္ၾကာ ပိတ္ထားဖို႔ အမိန႔္ခ် လိုက္ပါတယ္။

Zombie(Loveအတိုအစေလးမ်ား)

For Unicode

အိမ်ခြေယာမဲ့ တစ်ယောက်ကို နစ်နာအောင် စနောက်မိတဲ့ video ကို youtube မှာ တင်လို့ ထောင်ဒဏ် ချမှတ်ခံရတဲ့ အမျိုးသား

အချို့ youtube video တွေက စိတ်ခွန်အားပေးတဲ့ video တွေဖြစ်ပြီး အချို့ video တွေက စနောက် ကျီစယ်ထားတဲ့ ဟာသ video တွေ ဖြစ်ပါတယ်။ လူအများစုက ဟာသ video တွေကို အကြည့်များပါတယ်။ ဟာသ video တွေကို စိတ်ပင်ပန်းတာ ပျောက်ဖို့၊ ရယ်မောချင်လို့ ကြည့်ကြပါတယ်။

ဒါပေမယ့် နောက်ပြောင် ကျီစယ်ထားတဲ့ အချို့ video တွေက တခြားသူတွေကို ထိခိုက် နစ်နာစေပါတယ်။ Oreo မုန့်ရဲ့ cream နေရာမှာ သွားတိုက်ဆေးကို အစားထိုး ထည့်ပြီး အိမ်ခြေမဲ့တစ်ယောက်ကို စနောက် စားခိုင်းတဲ့ video ကို ReSet ဆိုတဲ့ Youtube channel တည်ထောင်သူ တရုတ်နွယ်ဖွား စပိန်နိုင်ငံသား KangHua Ren က Youtube မှာ တင်ခဲ့ပါတယ်။

အဲဒါနဲ့ မပြီးသေးပါဘူး။ ” သွားတိုက်ဆေးက သူ့သွားတွေကို သန့်သွားစေမှာ ” လို့လည်း ပြောထားပါသေးတယ်။

” ကျွန်တော် နည်းနည်းပါးပါးတော့ လွန်ရင် လွန်သွားမှာပေါ့။ ဒါပေမယ့် အကောင်းဘက်က တွေးကြည့်ရင်တော့ သူ့သွားတွေကို မှန်မှန် မတိုက်နိုင်ဘူး ထင်လို့ ကူညီပေးလိုက်တာပါ။ သာမန်လူတစ်ယောက်ကို ဒီလို စနောက်လိုက်ရင် ဘယ်သူမှ ဂရုစိုက်မိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် သူက အိမ်ခြေယာမဲ့ တစ်ယောက်ဖြစ်နေတော့ လူတွေက တိုင်တာပေါ့ ” လို့ KangHua Ren က ပြောပါတယ်။

အိမ်ခြေယာမဲ့ အမျိုးသား နာမည်က Gheorge ဖြစ်ပါတယ်။ Oreo မုန့်ထဲမှာ သွားတိုက်ဆေး ထည့်ထားတော့ သူ အန်ထုတ်လိုက်ပါတယ်။ လမ်းပေါ်မှာ နေပေနယ့် ဒီလို ဆိုးဆိုးဝါးဝါး စနောက်ပြုမူတာမျိုး တစ်ခါမှ မကြုံခဲ့ရဘူးလို့ Gheorge ကပြောပါတယ်။

ဇွန်လ 1 ရက်နေ့၊ Barcelona တရားရုံးမှာ KangHua Ren ကို စိတ်ဓာတ် ပျက်ပြားမှုနဲ့ အပြစ် ရှိကြောင်း တွေ့ရှိခဲ့ပါတယ်။ သူတင်ထားတဲ့ video ကိုလည်း ဖျက်လိုက်ပါတယ်။ KangHua ကို ထောင်ဒဏ် 15 လ၊ ယူရို 20000 ငွေဒဏ်ဆောင်ဖို့ အမိန့် ချမှတ်လိုက်ပါတယ်။ ဒါပေမယ့် KangHua က ထောင်ကျ မှာတော့ မဟုတ်ပါဘူး။

စပိန်နိုင်ငံမှာ ယေဘုယျအားဖြင့် ပထမအကြိမ်မှာ ပြင်းထန်တဲ့ ရာဇဝတ်မှုမျိုး မဟုတ်ရင် ထောင်ဒဏ် နှစ်နှစ်နဲ့ အထက်တွေက ပြစ်ဒဏ် ခံယူစရာ မလိုပါဘူး။ Gheorge အတွက်နစ်နာကြေးငွေ လျော်ပေးဖို့၊ သူ့ရဲ့ channel တွေကို ငါးနှစ်ကြာ ပိတ်ထားဖို့ အမိန့်ချ လိုက်ပါတယ်။

Zombie(Loveအတိုအစလေးများ)

Source: Old Website

Leave a Reply

Your email address will not be published. Required fields are marked *