30.5.2019 မွ 05.6.2019 အထိ တပတ္စာ ၇ ရက္ သားသမီး ေဟာစာတမ္း

For Zawgyi

30.5.2019 မွ 05.6.2019 အထိ တပတ္စာ ၇ ရက္ သားသမီး ေဟာစာတမ္း

# တနဂၤေႏြ

ဒီကာလအတြင္း မိမိတစ္ကိုယ္ေတာ္ ႀကိဳးစားတာက ပိုေကာင္းတယ္ဗ် ။ သူမ်ား ဝင္ပါရင္ ပိုဆိုးကုန္တတ္ပါတယ္ ။ အသင္းအဖြဲနဲ႔ လုပ္ကိုင္ရတယ္ဆိုလဲ အျခားသူေတြရဲ႕ ျဖစ္ခ်င္ ၊လုပ္ခ်င္တာကို ဦးစားေပး လုပ္ကိုင္ေစခ်င္ပါတယ္ ။ မိတ္ေဆြ အေပါင္းအသင္းေတြရဲ႕အခက္အခဲေတြကိုလဲ ကူညီၿပီးေတာ့ ေျဖရွင္းေနရတတ္ပါတယ္ ။ က်န္းမာေရးက ေတာ့ ထင္ထားသည္ထက္ ပိုမို အားနည္းေနတတ္ပါတယ္ ။ အနည္းငယ္ ဂ႐ုစိုက္ေပးပါ ။ မ်က္စိနာတာ ၊ မ်က္႐ိုးကိုက္ တာမ်ိဳးေတြ အထူး ျဖစ္ရတတ္ပါတယ္ ။ ကိုယ္ပိုင္ စီးပြားမ်ား မနာလိုသူေတြ ရွိေနတတ္ပါတယ္ ။ မိမိရဲ႕ လုပ္ငန္းနဲ႔ပက္ သက္တဲ့ အဆင္ေျပေနတာေတြကိုထုတ္မေျပာတာ ပိုေကာင္းပါတယ္ ။ ေငြေၾကးနဲ႔ ပက္သက္ၿပီး လက္လြန္ထားရင္ ဆုံးတတ္ပါတယ္ ။ ေခ်းငွားတာမ်ိဳး ေရွာင္လိုက္ေစခ်င္ပါတယ္ ။ စက္ပစၥည္းနဲ႔ ပက္သက္ၿပီး စိတ္ညစ္ေနရတတ္ပါတယ္ ။ ဒီကာလဟာ ဘာမွေတာ့ လြယ္လြယ္ကူကူမျဖစ္ အခက္အခဲေလးေတြကို ရင္ဆိုင္ ေက်ာ္လႊားေနရပါလိမ့္မယ္ ။ အခ်စ္ေရးမွာေတာ့ ခ်စ္သူဆီက ေဖးမကူညီမႈေတြကို ရပါလိမ့္မယ္ ။ အိမ္ေထာင္ေရးမွာ အဆင္ေျပမႈေတြထက္ စကားအေျခ အတင္မ်ားရတာက ပိုေနတတ္ပါတယ္ ။ ပညာေရး ဝီရိယ စိုက္ႏိုင္မွ အဆင္ေျပပါလိမ့္မယ္ ။

အက်ိဳးေပး ဂဏန္း 1/3/5
အထူးေဟာ ကံအနည္းငယ္ အားနည္းေနမည္ ။
ယၾတာ ေပါက္ဆီ ဘုရားကပ္လႉၿပီး လိုရာဆု ေတာင္းပါ ။

# တနလၤာ

ဒီကာလအတြင္း မိမိလိုအင္ေတြ ျပည့္ဝပါလိမ့္မယ္ ။ ဒါေပမဲ့ လြယ္လြယ္ကူကူေတာ့ မျဖစ္ ။အေႏွာက္အယွက္ အခက္အခဲေတြ မ်ားေနပါလိမ့္မယ္ ။ လုပ္ငန္းခြင္မွာလဲ မိမိရဲ႕ အႀကံအစည္ စိတ္ကူးေတြက သူမ်ားေတြနဲ႔ ကြဲထြက္ေန တတ္ပါတယ္ ။ ဘာလုပ္လုပ္ ေရရွည္အတြက္ စဥ္းစား လုပ္ကိုင္ေနမိတတ္တဲ့ ေန႔ရက္ေတြပါပဲ ။ လိုခ်င္တဲ့ အကူအညီ ေတြကိုေတာ့ မိတ္ေဆြေကာင္းေတြဆီက ရရွိပါလိမ့္မယ္ ။ က်န္းမာေရးကေတာ့ အညံ့အဆိုးေတြမ်ားေနမဲ့ ကာလပါပဲ ။ အေရျပားနဲ႔ ပက္သက္ၿပီး ယားနာမ်ိဳးေတြ ျဖစ္လြယ္ပါတယ္ ။ မ်က္ႏွာျပင္ေပၚ ဝက္ၿခံပုန္းေတြ ထြက္တာမ်ိဳးလဲျဖစ္ရ တတ္ပါတယ္ ။ အလုပ္နဲ႔ပက္သက္ၿပီး အေဝးမွာ ခ်ဲ႕ထြင္ထားတဲ့ အလုပ္ေတြက အထူး အဆင္ေျပ တိုးတတ္ပါလိမ့္မယ္ ။ လက္ရွိ ေနထိုင္ လုပ္ကိုင္ေနရတဲ့ အေနအထားကို မေက်နပ္တာ ၊ အားမရတာမ်ိဳးေတြ ျဖစ္ရတတ္ပါတယ္ ။ ဥပေဒနဲ႔ မလြတ္ကင္းတဲ့ အလုပ္မ်ား ၊ ေလာင္းကစား အလုပ္မ်ားကိုေတာ့ေလွ်ာ့ခ်လိုက္ပါ ။ အခ်စ္ေရးမွာ မိမိကိုယ္တိုင္က အခ်စ္ေရးမွာ အာ႐ုံမေရာက္ ျဖစ္ေနရတတ္ပါတယ္ ။ အိမ္ေထာင္ေရးကေတာ့ အလုပ္ေၾကာင့္ ခြဲေနရတာမ်ိဳး ေတြႀကဳံ ေနရတတ္ပါတယ္ ။ ပညာေရးကေတာ့ အထူး ကံေကာင္းေနခ်ိန္ပါပဲ ။

အက်ိဳးေပးဂဏန္း 2/4/6
အထူးေဟာ ကံသင့္ေနပါတယ္ ။
ယၾတာ သရက္သီး ၁၀ စိပ္ခန႔္ ပန္းကန္တစ္ခ်ပ္ထဲ ထည့္ၿပီး ဘုရားကပ္လႉလိုက္ပါ ။

# အဂၤါ

ဒီကာလအတြင္း စိတ္ခ်မ္းသာစရာေတြ မ်ားေနတတ္ပါတယ္ ။ မိမိ ကိုယ္တိုင္ကလဲ အရာရာကို စိတ္အား ထက္သက္စြာနဲ႔ လုပ္ေနမိတတ္ပါတယ္ ။ အာ႐ုံစိုက္ စိတ္ႏွစ္ၿပီး လုပ္ကိုင္မႈေၾကာင့္ လုပ္ငန္းခြင္အတြင္း လိုအပ္ခ်က္ေတြကို သိျမင္ပါလိမ့္မယ္ ။ အမ်ားနဲ႔ တြဲလုပ္သူေတြကေတာ့ အဆင္မေျပ ျဖစ္ရတတ္ပါတယ္ ။ ကိုယ္က တတ္ႂကြေနသူ အျခားသူေတြက အပ်င္းဆိုရင္ေတာ့ ပိုဆိုးပါလိမ့္မယ္ ။ အလုပ္နဲ႔ ပက္သက္ၿပီးေတာ့လဲ အထူး တိုးတတ္ပါလိမ့္မယ္ ။ ဝန္ထမ္းေကာင္းေတြေၾကာင့္လဲ အလုပ္ေတြ ေရာင္းပန္း ဝယ္ပန္း ပြင့္ပါလိမ့္မယ္ ။ မိမိမိတ္ေဆြေတြကေနတဆင့္ မိတ္ ေဆြသစ္ေတြ တိုးပြားပါလိမ့္မယ္ ။ အလုပ္စီးပြားအသစ္တစ္ခု စခ်င္သူမ်ား ဒီကာလမွာ စတင္ထားလို႔ အလြန္ပဲေကာင္းပါတယ္ ။ ခရီးတို ၊ခရီးရွည္ေတြ သြားရတတ္ပါတယ္ ။ အဆင္ေျပ တိုးတတ္မဲ့ ခရီးေတြ ျဖစ္ပါလိမ့္မယ္ ။ က်န္းမာေရးကေတာ့ ဒီကာလမွာ အညံ့ နည္းပါတယ္ ။ ဒါေပမဲ့ ကိုယ္လက္လႈပ္ရွားမႈလုပ္ပါ ။ အေညာင္း မိေနတတ္ပါတယ္ ။ အခ်စ္ေရးမွာေတာ့ေအာင္သြယ္ေကာင္းမွႈေၾကာင့္အဆင္ေျပသြားတတ္ပါတယ္။ အိမ္ေထာင္ေရးမွာေတာ့ အညံ့ နည္းမဲ့ ေန႔ရက္ပါပဲ ။ ပညာေရး အလြန္ေကာင္းပါတယ္ ။ ႀကိဳးစားသမွ် အရာထင္ပါလိမ့္မယ္ ။

အက်ိဳးေပးဂဏန္း 3/5/7
အထူးေဟာ အလုပ္စီးပြားေတြ တိုးတတ္ပါလိမ့္မယ္ ။
ယၾတာ ပ႒ာန္းကို ေန႔စဥ္ ႐ြတ္ပြားပါ ။

# ဗုဒၶဟူး / ရာဟု

ဒီကာလအတြင္း ဘာလုပ္လုပ္ အခ်ိန္ယူၿပီး လုပ္ေစခ်င္ပါတယ္ ။ အေလာတႀကီးလုပ္ေလအမွား မ်ားေလပါပဲ ။ အလုပ္ေတြထက္ လူမႈေရး ကိစၥေတြေၾကာင့္ အခ်ိန္ ကုန္ရတတ္ပါတယ္ ။ လူမႈေရး အလုပ္မ်ား ၊ သာေရးနာေရး ကိစၥမ်ား အဆင္ေျပေအာင္ ေဆာင္႐ြက္ေပးႏိုင္ပါလိမ့္မယ္ ။ ပြဲစား အလုပ္မ်ား ၊ အက်ိဳးေဆာင္ အလုပ္မ်ား အဆင္မေျပျဖစ္ရ တတ္ပါတယ္ ။ ပညာေရးနဲ႔ ပက္သက္ၿပီး ဆရာအျဖစ္ အသက္ေမြးသူမ်ား အနည္းငယ္ အခက္အခဲမ်ားလိမ့္မယ္ ။ အတိုက္အခိုက္မ်ား အထူး ႀကဳံရတတ္ပါတယ္ ။ ခရီးေတြ သြားေနရတတ္ပါတယ္ ။ အထိုင္ မေနရတာမ်ိဳးေတြ အထူးႀကဳံရ လိမ့္မယ္ ။ သူမ်ားျပႆနာ ကိုယ့္ျပႆနာျဖစ္ရၿပီးေတာ့ စိုက္ေလ်ာ္ရတာမ်ိဳးေတြ အထူး ႀကဳံရတတ္ပါတယ္ ။ သူမ်ားကို ကူညီမယ္ဆိုခ်င့္ခ်ိန္ စဥ္းစားၿပီးမွ ကူညီပါ ။ က်န္းမာေရးကေတာ့ အညံ့အဆိုး နည္းေနတတ္ပါတယ္ ။ ဒါေပမဲ့ ေလထိုးေလေအာက္ေတာ့ ျဖစ္ရတတ္ပါတယ္ ။ အခ်စ္ေရးမွာေတာ့ အဆင္မေျပတာမ်ားပါတယ္ ။ ခ်စ္သူရဲ႕ အထင္ အျမင္ လြဲျခင္းကို ခံရတတ္ပါတယ္ ။ အိမ္ေထာင္ေရးကေတာ့ အေကာင္းမ်ားပါတယ္ ။ အိမ္ေထာင္ဘက္ဆီက အႀကံဉာဏ္ေတြလဲ ရလာတတ္ပါတယ္ ။

အက်ိဳးေပးဂဏန္း 1/4/6
အထူးေဟာ သူမ်ားကိစၥေတြနဲ႔ အခ်ိန္ ကုန္ရတတ္ပါတယ္ ။
ယၾတာ ၾကက္ဥေၾကာ္ၿပီး ဘုရားကပ္လႉပါ ။

# ၾကာသပေတး

ဒီကာလအတြင္း မိမိအတြက္ အခ်ိန္ မျဖဳန္းသင့္ပါဘူး ။ ဂိမ္းေဆာ့တာ ၊ ေဖ်ာ္ေျဖေရးမွာအခ်ိန္ကုန္ေနတာေတြ ကိုေလွ်ာ့ ဝီရိယရွိရွိနဲ႔အလုပ္ထဲကို စိတ္ႏွစ္ထားႏိုင္မွ အဆင္ေျပပါလိမ့္မယ္ ။ အလုပ္ေတြ မ်ားလာတာပဲ ျဖစ္ျဖစ္ ၊ အထက္လူႀကီးက တာဝန္ႀကီးေတြ ခိုင္းတာမ်ိဳးပဲျဖစ္ျဖစ္ ႀကဳံေတြ႕ရတတ္ပါတယ္ ။ ဘာမွ ႀကိဳတင္ ျပင္ဆင္မႈေတြ မရွိသူေတြအတြက္ကေတာ့ ဒုကၡ မ်ားရတတ္ပါတယ္ ။ ကိုယ္ပိုင္ စီးပြားမ်ား plan-B ဆိုတာမ်ိဳး ရွိသင့္တဲ့ကာလပါပဲ ။ ေငြေၾကးနဲ႔ ပက္သက္ၿပီး အသုံးနဲ႔ အျဖဳန္း နားလည္တတ္ဖို႔ လိုအပ္ပါတယ္ ။ အိမ္တြင္း စီးပြားေရးမ်ား တိုးတတ္ပါလိမ့္မယ္ ။ မိသားစုေတြ ဝိုင္းလုပ္ရတဲ့ အလုပ္ေတြကေတာ့ သိသာထင္ရွားစြာ တိုးတတ္ပါလိမ့္မယ္ ။ အထူး အားနည္းခ်က္က က်န္းမာေရးပါ ။ မိမိက်န္းမာေရး ျခဴျခာဖို႔ အေၾကာင္း ဖန္လာတတ္ပါတယ္ ။ အေအးပတ္ မခံပါနဲ႔ ။ ပူတာပဲဆိုၿပီး ပန္ကာနဲ႔ အခ်ိန္ၾကာၾကာ မေနမိပါနဲ႔ ။ အခ်စ္ေရးမွာေတာ့ အခ်ိန္မေပးႏိုင္တာေၾကာင့္ နားလည္ေအာင္ ႀကိဳရွင္းျပထား ေစခ်င္ပါတယ္ ။ အိမ္ေထာင္ေရးကေတာ့ အခက္အခဲေတြ မ်ားေနတတ္ပါတယ္ ။ ပညာေရးကေတာ့ ဆရာနဲ႔တပည့္ သဟဇာတမျဖစ္တာမ်ိဳး ႀကဳံရပါလိမ့္မယ္ ။

အက်ိဳးေပးဂဏန္း 0/2/5
အထူးေဟာ ျဖစ္လာတဲ့ အေျခအေနေပၚ မီးစင္ၿပီးကရမဲ့ ေန႔ပါပဲ ။
ယၾတာ နန္းႀကီးသုပ္ ဘုရားကပ္လႉလိုက္ပါ ။

# ေသာၾကာ

ဒီကာလအတြင္း ေကာင္းေသာ လိုအင္ဆႏၵေတြ ျပည့္ဝ ရတတ္ပါတယ္ ။ စိတ္ကူးထားသမွ်လက္ေတြ႕ျဖစ္လာမဲ့ ေန႔ရက္ပါပဲ ။ စိတ္ထဲ ျဖစ္ခ်င္တာေတြကို ျဖစ္ေအာင္ လုပ္သြားႏိုင္ပါလိမ့္မယ္ ။ စီးပြားေရးေတြ ေကာင္းေနပါလိမ့္မယ္ ။ ဒါေၾကာင့္ ေငြလဲ အဝင္မ်ားေနလိမ့္မယ္ ။ ႀကီးမားတဲ့ လုပ္ငန္းေတြနဲ႔ အခ်ိတ္အဆက္ ရတတ္ပါတယ္ ။ မိမိကို ကူညီေပးမဲ့ လုပ္ငန္းရွင္ေတြနဲ႔ ဆုံရတတ္ပါတယ္ ။ ကံေကာင္းျခင္းေတြကိုလဲ အထူး ရရွိပါလိမ့္မယ္ ။ ေငြေၾကးနဲ႔ပက္သက္ၿပီးရင္း ႏွီးျမဳပ္ႏွံလို႔ အထူးေကာင္းပါတယ္ ။ အဓိ႒ာန္ ရက္ရွည္ဝင္ထားသူမ်ား ထီကံစမ္းပါလို႔ တိုက္တြန္းလိုက္ရပါတယ္ ။ အလုပ္နဲ႔ ပက္သက္ၿပီးေတာ့လဲ အထူးေကာင္းပါတယ္ ။ အလုပ္ ရွာေနသူမ်ား အလုပ္သစ္ ရႏိုင္တယ္ ။ အင္တာဗ်ဴးေျဖ ျခင္းမ်ား အလုပ္နဲ႔ ရာထူးတိုး စာေမးပြဲေျဖျခင္းမ်ား အထူးေကာင္းပါတယ္ ။ က်န္းမာေရးကေတာ့ အနည္းငယ္ အညံ့ ရွိတယ္ ။ ဒါေပမဲ့ ကုသလြယ္တဲ့ ေရာဂါေတြပဲ ျဖစ္တတ္ပါတယ္ ။ အခ်စ္ေရးမွာေတာ့ ခ်စ္သူနဲ႔ အေနေဝးေနတာေၾကာင့္ လိုင္းေပၚမွာ အလြမ္းသည္ေနရမဲ့ ေန႔ရက္ပါပဲ ။ အိမ္ေထာင္ေရးကေတာ့ အထူး သာယာပါလိမ့္မယ္ ။ ပညာေရးမွာေတာ့ အထူးထြန္းေပါက္ႏိုင္ပါလိမ့္မယ္ ။

အက်ိဳးေပးဂဏန္း 1/3/6
အထူးေဟာ ကံျမင့္ေနမည္ ။
ယၾတာ အုန္းထမင္းဆြမ္း ဘုရားကပ္လႉလိုက္ပါ ။

# စေန

ဒီကာလအတြင္း မိမိစိတ္ထားေလး ႏူးညံ့ေနလိမ့္မယ္ ။ အရာရာ အေကာင္းျမင္ေနတတ္ပါတယ္ ။ စိတ္ရွည္ေနတဲ့ ေန႔ရက္ျဖစ္တာေၾကာင့္ ခက္ခဲတဲ့ ေျဖရွင္းဖို႔ခက္တဲ့ ကိစၥေတြကိုဦးစားေပး လုပ္ၾကည့္ပါ ။ မိမိက ေစတနာထားေလ မိမိကံေကာင္းေလပါပဲ ။ မိတ္ေဆြသူငယ္ခ်င္းေတြရဲ႕ လိုအပ္တဲ့ အကူအညီေတြကို ရလာပါလိမ့္မယ္ ။ က်န္းမာေရးနဲ႔ ပက္သက္ၿပီးေတာ့လဲ စိတ္ခ်မ္းသာရမဲ့ ေန႔ရက္ပါပဲ ။ လက္လြန္ထားတဲ့ ေငြေၾကးေတြ ျပန္ရတတ္ပါတယ္ ။ အလုပ္နဲ႔ ပက္သက္ရင္လဲ နည္းလမ္းေဟာင္းေတြက ျပန္လည္ အသုံးတည့္ပါလိမ့္မယ္ ။ စီးပြာေရးနဲ႔ ပက္သက္ၿပီးေတာ့လဲ ရွယ္ယာအလုပ္ေတြက ပိုမိုတိုးတတ္ႏိုင္ပါတယ္ ။ အြန္လိုင္း စီးပြားေရးမ်ား ပိုမိုတိုးတတ္ပါလိမ့္မယ္ ။ အြန္လိုင္းကေနေၾကာ္ျငာျခင္းေတြ အေလးေပး ေဆာင္႐ြက္ၾကည့္ပါ ။ ႏိုင္ငံျခားသား ၊ လူမ်ိဳးျခားေတြဆီကအကူအညီေကာင္းေတြ ရလာမဲ့ ေန႔ရက္ပါပဲ ။ ရင္းႏွီး ျမဳပ္ႏွံၾကည့္လိုက္ပါ ။ ဒီကာလမွာပစၥည္းေလွာင္လို႔ အထူးေကာင္းပါတယ္ ။ အခ်စ္ေရးနဲ႔ ပက္သက္ၿပီးေတာ့လဲ ခ်စ္သူမရွိေသးသူမ်ား ခ်စ္သူသစ္ ရပါလိမ့္မယ္ ။ အိမ္ေထာင္ေရးမွာေတာ့ သာယာေပ်ာ္႐ႊင္စရာေကာင္းတဲ့ အခ်ိန္ကာလပါပဲ ။ ပညာေရးမွာေတာ့ ဇြဲႀကီးမႈေၾကာင့္ ကံမေပးေပမဲ့ တိုးတတ္ပါလိမ့္မယ္ ။

အက်ိဳးေပးဂဏန္း 2/4/0
အထူးေဟာ စိတ္ခ်မ္းသာရမည္ ။
ယၾတာ ကေလးေတြကို သေရစာ မုန႔္ေလးေတြ ဝယ္ေကြၽးလိုက္ပါ ။

၇ရက္သားသမီး အေပါင္း ေကာင္းက်ိဳး လိုအင္ဆႏၵေတြ ျပည့္ဝၾကပါေစ ။

ဆရာၿငိမ္းေအးလူ ( ေဗဒင္သုေတသီ )
09775555695
09445555695

For Unicode

30.5.2019 မှ 05.6.2019 အထိ တစ်ပတ်စာ ၇ ရက် သားသမီး ဟောစာတမ်း

# တနင်္ဂနွေ

ဒီကာလအတွင်း မိမိတစ်ကိုယ်တော် ကြိုးစားတာက ပိုကောင်းတယ်ဗျ ။ သူများ ဝင်ပါရင် ပိုဆိုးကုန်တတ်ပါတယ် ။ အသင်းအဖွဲနဲ့ လုပ်ကိုင်ရတယ်ဆိုလဲ အခြားသူတွေရဲ့ ဖြစ်ချင် ၊လုပ်ချင်တာကို ဦးစားပေး လုပ်ကိုင်စေချင်ပါတယ် ။ မိတ်ဆွေ အပေါင်းအသင်းတွေရဲ့အခက်အခဲတွေကိုလဲ ကူညီပြီးတော့ ဖြေရှင်းနေရတတ်ပါတယ် ။ ကျန်းမာရေးက တော့ ထင်ထားသည်ထက် ပိုမို အားနည်းနေတတ်ပါတယ် ။ အနည်းငယ် ဂရုစိုက်ပေးပါ ။ မျက်စိနာတာ ၊ မျက်ရိုးကိုက် တာမျိုးတွေ အထူး ဖြစ်ရတတ်ပါတယ် ။ ကိုယ်ပိုင် စီးပွားများ မနာလိုသူတွေ ရှိနေတတ်ပါတယ် ။ မိမိရဲ့ လုပ်ငန်းနဲ့ပက် သက်တဲ့ အဆင်ပြေနေတာတွေကိုထုတ်မပြောတာ ပိုကောင်းပါတယ် ။ ငွေကြေးနဲ့ ပက်သက်ပြီး လက်လွန်ထားရင် ဆုံးတတ်ပါတယ် ။ ချေးငှားတာမျိုး ရှောင်လိုက်စေချင်ပါတယ် ။ စက်ပစ္စည်းနဲ့ ပက်သက်ပြီး စိတ်ညစ်နေရတတ်ပါတယ် ။ ဒီကာလဟာ ဘာမှတော့ လွယ်လွယ်ကူကူမဖြစ် အခက်အခဲလေးတွေကို ရင်ဆိုင် ကျော်လွှားနေရပါလိမ့်မယ် ။ အချစ်ရေးမှာတော့ ချစ်သူဆီက ဖေးမကူညီမှုတွေကို ရပါလိမ့်မယ် ။ အိမ်ထောင်ရေးမှာ အဆင်ပြေမှုတွေထက် စကားအခြေ အတင်များရတာက ပိုနေတတ်ပါတယ် ။ ပညာရေး ဝီရိယ စိုက်နိုင်မှ အဆင်ပြေပါလိမ့်မယ် ။

အကျိုးပေး ဂဏန်း 1/3/5
အထူးဟော ကံအနည်းငယ် အားနည်းနေမည် ။
ယတြာ ပေါက်ဆီ ဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ ။

# တနင်္လာ

ဒီကာလအတွင်း မိမိလိုအင်တွေ ပြည့်ဝပါလိမ့်မယ် ။ ဒါပေမဲ့ လွယ်လွယ်ကူကူတော့ မဖြစ် ။အနှောက်အယှက် အခက်အခဲတွေ များနေပါလိမ့်မယ် ။ လုပ်ငန်းခွင်မှာလဲ မိမိရဲ့ အကြံအစည် စိတ်ကူးတွေက သူများတွေနဲ့ ကွဲထွက်နေ တတ်ပါတယ် ။ ဘာလုပ်လုပ် ရေရှည်အတွက် စဉ်းစား လုပ်ကိုင်နေမိတတ်တဲ့ နေ့ရက်တွေပါပဲ ။ လိုချင်တဲ့ အကူအညီ တွေကိုတော့ မိတ်ဆွေကောင်းတွေဆီက ရရှိပါလိမ့်မယ် ။ ကျန်းမာရေးကတော့ အညံ့အဆိုးတွေများနေမဲ့ ကာလပါပဲ ။ အရေပြားနဲ့ ပက်သက်ပြီး ယားနာမျိုးတွေ ဖြစ်လွယ်ပါတယ် ။ မျက်နှာပြင်ပေါ် ဝက်ခြံပုန်းတွေ ထွက်တာမျိုးလဲဖြစ်ရ တတ်ပါတယ် ။ အလုပ်နဲ့ပက်သက်ပြီး အဝေးမှာ ချဲ့ထွင်ထားတဲ့ အလုပ်တွေက အထူး အဆင်ပြေ တိုးတတ်ပါလိမ့်မယ် ။ လက်ရှိ နေထိုင် လုပ်ကိုင်နေရတဲ့ အနေအထားကို မကျေနပ်တာ ၊ အားမရတာမျိုးတွေ ဖြစ်ရတတ်ပါတယ် ။ ဥပဒေနဲ့ မလွတ်ကင်းတဲ့ အလုပ်များ ၊ လောင်းကစား အလုပ်များကိုတော့လျှော့ချလိုက်ပါ ။ အချစ်ရေးမှာ မိမိကိုယ်တိုင်က အချစ်ရေးမှာ အာရုံမရောက် ဖြစ်နေရတတ်ပါတယ် ။ အိမ်ထောင်ရေးကတော့ အလုပ်ကြောင့် ခွဲနေရတာမျိုး တွေကြုံ နေရတတ်ပါတယ် ။ ပညာရေးကတော့ အထူး ကံကောင်းနေချိန်ပါပဲ ။

အကျိုးပေးဂဏန်း 2/4/6
အထူးဟော ကံသင့်နေပါတယ် ။
ယတြာ သရက်သီး ၁၀ စိပ်ခန့် ပန်းကန်တစ်ချပ်ထဲ ထည့်ပြီး ဘုရားကပ်လှူလိုက်ပါ ။

# အင်္ဂါ

ဒီကာလအတွင်း စိတ်ချမ်းသာစရာတွေ များနေတတ်ပါတယ် ။ မိမိ ကိုယ်တိုင်ကလဲ အရာရာကို စိတ်အား ထက်သက်စွာနဲ့ လုပ်နေမိတတ်ပါတယ် ။ အာရုံစိုက် စိတ်နှစ်ပြီး လုပ်ကိုင်မှုကြောင့် လုပ်ငန်းခွင်အတွင်း လိုအပ်ချက်တွေကို သိမြင်ပါလိမ့်မယ် ။ အများနဲ့ တွဲလုပ်သူတွေကတော့ အဆင်မပြေ ဖြစ်ရတတ်ပါတယ် ။ ကိုယ်က တတ်ကြွနေသူ အခြားသူတွေက အပျင်းဆိုရင်တော့ ပိုဆိုးပါလိမ့်မယ် ။ အလုပ်နဲ့ ပက်သက်ပြီးတော့လဲ အထူး တိုးတတ်ပါလိမ့်မယ် ။ ဝန်ထမ်းကောင်းတွေကြောင့်လဲ အလုပ်တွေ ရောင်းပန်း ဝယ်ပန်း ပွင့်ပါလိမ့်မယ် ။ မိမိမိတ်ဆွေတွေကနေတဆင့် မိတ် ဆွေသစ်တွေ တိုးပွားပါလိမ့်မယ် ။ အလုပ်စီးပွားအသစ်တစ်ခု စချင်သူများ ဒီကာလမှာ စတင်ထားလို့ အလွန်ပဲကောင်းပါတယ် ။ ခရီးတို ၊ခရီးရှည်တွေ သွားရတတ်ပါတယ် ။ အဆင်ပြေ တိုးတတ်မဲ့ ခရီးတွေ ဖြစ်ပါလိမ့်မယ် ။ ကျန်းမာရေးကတော့ ဒီကာလမှာ အညံ့ နည်းပါတယ် ။ ဒါပေမဲ့ ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ ။ အညောင်း မိနေတတ်ပါတယ် ။ အချစ်ရေးမှာတော့အောင်သွယ်ကောင်းမှှုကြောင့်အဆင်ပြေသွားတတ်ပါတယ်။ အိမ်ထောင်ရေးမှာတော့ အညံ့ နည်းမဲ့ နေ့ရက်ပါပဲ ။ ပညာရေး အလွန်ကောင်းပါတယ် ။ ကြိုးစားသမျှ အရာထင်ပါလိမ့်မယ် ။

အကျိုးပေးဂဏန်း 3/5/7
အထူးဟော အလုပ်စီးပွားတွေ တိုးတတ်ပါလိမ့်မယ် ။
ယတြာ ပဋ္ဌာန်းကို နေ့စဉ် ရွတ်ပွားပါ ။

# ဗုဒ္ဓဟူး / ရာဟု

ဒီကာလအတွင်း ဘာလုပ်လုပ် အချိန်ယူပြီး လုပ်စေချင်ပါတယ် ။ အလောတကြီးလုပ်လေအမှား များလေပါပဲ ။ အလုပ်တွေထက် လူမှုရေး ကိစ္စတွေကြောင့် အချိန် ကုန်ရတတ်ပါတယ် ။ လူမှုရေး အလုပ်များ ၊ သာရေးနာရေး ကိစ္စများ အဆင်ပြေအောင် ဆောင်ရွက်ပေးနိုင်ပါလိမ့်မယ် ။ ပွဲစား အလုပ်များ ၊ အကျိုးဆောင် အလုပ်များ အဆင်မပြေဖြစ်ရ တတ်ပါတယ် ။ ပညာရေးနဲ့ ပက်သက်ပြီး ဆရာအဖြစ် အသက်မွေးသူများ အနည်းငယ် အခက်အခဲများလိမ့်မယ် ။ အတိုက်အခိုက်များ အထူး ကြုံရတတ်ပါတယ် ။ ခရီးတွေ သွားနေရတတ်ပါတယ် ။ အထိုင် မနေရတာမျိုးတွေ အထူးကြုံရ လိမ့်မယ် ။ သူများပြဿနာ ကိုယ့်ပြဿနာဖြစ်ရပြီးတော့ စိုက်လျော်ရတာမျိုးတွေ အထူး ကြုံရတတ်ပါတယ် ။ သူများကို ကူညီမယ်ဆိုချင့်ချိန် စဉ်းစားပြီးမှ ကူညီပါ ။ ကျန်းမာရေးကတော့ အညံ့အဆိုး နည်းနေတတ်ပါတယ် ။ ဒါပေမဲ့ လေထိုးလေအောက်တော့ ဖြစ်ရတတ်ပါတယ် ။ အချစ်ရေးမှာတော့ အဆင်မပြေတာများပါတယ် ။ ချစ်သူရဲ့ အထင် အမြင် လွဲခြင်းကို ခံရတတ်ပါတယ် ။ အိမ်ထောင်ရေးကတော့ အကောင်းများပါတယ် ။ အိမ်ထောင်ဘက်ဆီက အကြံဉာဏ်တွေလဲ ရလာတတ်ပါတယ် ။

အကျိုးပေးဂဏန်း 1/4/6
အထူးဟော သူများကိစ္စတွေနဲ့ အချိန် ကုန်ရတတ်ပါတယ် ။
ယတြာ ကြက်ဥကြော်ပြီး ဘုရားကပ်လှူပါ ။

# ကြာသပတေး

ဒီကာလအတွင်း မိမိအတွက် အချိန် မဖြုန်းသင့်ပါဘူး ။ ဂိမ်းဆော့တာ ၊ ဖျော်ဖြေရေးမှာအချိန်ကုန်နေတာတွေ ကိုလျှော့ ဝီရိယရှိရှိနဲ့အလုပ်ထဲကို စိတ်နှစ်ထားနိုင်မှ အဆင်ပြေပါလိမ့်မယ် ။ အလုပ်တွေ များလာတာပဲ ဖြစ်ဖြစ် ၊ အထက်လူကြီးက တာဝန်ကြီးတွေ ခိုင်းတာမျိုးပဲဖြစ်ဖြစ် ကြုံတွေ့ရတတ်ပါတယ် ။ ဘာမှ ကြိုတင် ပြင်ဆင်မှုတွေ မရှိသူတွေအတွက်ကတော့ ဒုက္ခ များရတတ်ပါတယ် ။ ကိုယ်ပိုင် စီးပွားများ plan-B ဆိုတာမျိုး ရှိသင့်တဲ့ကာလပါပဲ ။ ငွေကြေးနဲ့ ပက်သက်ပြီး အသုံးနဲ့ အဖြုန်း နားလည်တတ်ဖို့ လိုအပ်ပါတယ် ။ အိမ်တွင်း စီးပွားရေးများ တိုးတတ်ပါလိမ့်မယ် ။ မိသားစုတွေ ဝိုင်းလုပ်ရတဲ့ အလုပ်တွေကတော့ သိသာထင်ရှားစွာ တိုးတတ်ပါလိမ့်မယ် ။ အထူး အားနည်းချက်က ကျန်းမာရေးပါ ။ မိမိကျန်းမာရေး ခြူခြာဖို့ အကြောင်း ဖန်လာတတ်ပါတယ် ။ အအေးပတ် မခံပါနဲ့ ။ ပူတာပဲဆိုပြီး ပန်ကာနဲ့ အချိန်ကြာကြာ မနေမိပါနဲ့ ။ အချစ်ရေးမှာတော့ အချိန်မပေးနိုင်တာကြောင့် နားလည်အောင် ကြိုရှင်းပြထား စေချင်ပါတယ် ။ အိမ်ထောင်ရေးကတော့ အခက်အခဲတွေ များနေတတ်ပါတယ် ။ ပညာရေးကတော့ ဆရာနဲ့တပည့် သဟဇာတမဖြစ်တာမျိုး ကြုံရပါလိမ့်မယ် ။

အကျိုးပေးဂဏန်း 0/2/5
အထူးဟော ဖြစ်လာတဲ့ အခြေအနေပေါ် မီးစင်ပြီးကရမဲ့ နေ့ပါပဲ ။
ယတြာ နန်းကြီးသုပ် ဘုရားကပ်လှူလိုက်ပါ ။

# သောကြာ

ဒီကာလအတွင်း ကောင်းသော လိုအင်ဆန္ဒတွေ ပြည့်ဝ ရတတ်ပါတယ် ။ စိတ်ကူးထားသမျှလက်တွေ့ဖြစ်လာမဲ့ နေ့ရက်ပါပဲ ။ စိတ်ထဲ ဖြစ်ချင်တာတွေကို ဖြစ်အောင် လုပ်သွားနိုင်ပါလိမ့်မယ် ။ စီးပွားရေးတွေ ကောင်းနေပါလိမ့်မယ် ။ ဒါကြောင့် ငွေလဲ အဝင်များနေလိမ့်မယ် ။ ကြီးမားတဲ့ လုပ်ငန်းတွေနဲ့ အချိတ်အဆက် ရတတ်ပါတယ် ။ မိမိကို ကူညီပေးမဲ့ လုပ်ငန်းရှင်တွေနဲ့ ဆုံရတတ်ပါတယ် ။ ကံကောင်းခြင်းတွေကိုလဲ အထူး ရရှိပါလိမ့်မယ် ။ ငွေကြေးနဲ့ပက်သက်ပြီးရင်း နှီးမြုပ်နှံလို့ အထူးကောင်းပါတယ် ။ အဓိဋ္ဌာန် ရက်ရှည်ဝင်ထားသူများ ထီကံစမ်းပါလို့ တိုက်တွန်းလိုက်ရပါတယ် ။ အလုပ်နဲ့ ပက်သက်ပြီးတော့လဲ အထူးကောင်းပါတယ် ။ အလုပ် ရှာနေသူများ အလုပ်သစ် ရနိုင်တယ် ။ အင်တာဗျူးဖြေ ခြင်းများ အလုပ်နဲ့ ရာထူးတိုး စာမေးပွဲဖြေခြင်းများ အထူးကောင်းပါတယ် ။ ကျန်းမာရေးကတော့ အနည်းငယ် အညံ့ ရှိတယ် ။ ဒါပေမဲ့ ကုသလွယ်တဲ့ ရောဂါတွေပဲ ဖြစ်တတ်ပါတယ် ။ အချစ်ရေးမှာတော့ ချစ်သူနဲ့ အနေဝေးနေတာကြောင့် လိုင်းပေါ်မှာ အလွမ်းသည်နေရမဲ့ နေ့ရက်ပါပဲ ။ အိမ်ထောင်ရေးကတော့ အထူး သာယာပါလိမ့်မယ် ။ ပညာရေးမှာတော့ အထူးထွန်းပေါက်နိုင်ပါလိမ့်မယ် ။

အကျိုးပေးဂဏန်း 1/3/6
အထူးဟော ကံမြင့်နေမည် ။
ယတြာ အုန်းထမင်းဆွမ်း ဘုရားကပ်လှူလိုက်ပါ ။

# စနေ

ဒီကာလအတွင်း မိမိစိတ်ထားလေး နူးညံ့နေလိမ့်မယ် ။ အရာရာ အကောင်းမြင်နေတတ်ပါတယ် ။ စိတ်ရှည်နေတဲ့ နေ့ရက်ဖြစ်တာကြောင့် ခက်ခဲတဲ့ ဖြေရှင်းဖို့ခက်တဲ့ ကိစ္စတွေကိုဦးစားပေး လုပ်ကြည့်ပါ ။ မိမိက စေတနာထားလေ မိမိကံကောင်းလေပါပဲ ။ မိတ်ဆွေသူငယ်ချင်းတွေရဲ့ လိုအပ်တဲ့ အကူအညီတွေကို ရလာပါလိမ့်မယ် ။ ကျန်းမာရေးနဲ့ ပက်သက်ပြီးတော့လဲ စိတ်ချမ်းသာရမဲ့ နေ့ရက်ပါပဲ ။ လက်လွန်ထားတဲ့ ငွေကြေးတွေ ပြန်ရတတ်ပါတယ် ။ အလုပ်နဲ့ ပက်သက်ရင်လဲ နည်းလမ်းဟောင်းတွေက ပြန်လည် အသုံးတည့်ပါလိမ့်မယ် ။ စီးပွာရေးနဲ့ ပက်သက်ပြီးတော့လဲ ရှယ်ယာအလုပ်တွေက ပိုမိုတိုးတတ်နိုင်ပါတယ် ။ အွန်လိုင်း စီးပွားရေးများ ပိုမိုတိုးတတ်ပါလိမ့်မယ် ။ အွန်လိုင်းကနေကြော်ငြာခြင်းတွေ အလေးပေး ဆောင်ရွက်ကြည့်ပါ ။ နိုင်ငံခြားသား ၊ လူမျိုးခြားတွေဆီကအကူအညီကောင်းတွေ ရလာမဲ့ နေ့ရက်ပါပဲ ။ ရင်းနှီး မြုပ်နှံကြည့်လိုက်ပါ ။ ဒီကာလမှာပစ္စည်းလှောင်လို့ အထူးကောင်းပါတယ် ။ အချစ်ရေးနဲ့ ပက်သက်ပြီးတော့လဲ ချစ်သူမရှိသေးသူများ ချစ်သူသစ် ရပါလိမ့်မယ် ။ အိမ်ထောင်ရေးမှာတော့ သာယာပျော်ရွှင်စရာကောင်းတဲ့ အချိန်ကာလပါပဲ ။ ပညာရေးမှာတော့ ဇွဲကြီးမှုကြောင့် ကံမပေးပေမဲ့ တိုးတတ်ပါလိမ့်မယ် ။

အကျိုးပေးဂဏန်း 2/4/0
အထူးဟော စိတ်ချမ်းသာရမည် ။
ယတြာ ကလေးတွေကို သရေစာ မုန့်လေးတွေ ဝယ်ကျွေးလိုက်ပါ ။

၇ရက်သားသမီး အပေါင်း ကောင်းကျိုး လိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေ ။

ဆရာငြိမ်းအေးလူ ( ဗေဒင်သုတေသီ )
09775555695
09445555695

Source: Old Website

Leave a Reply

Your email address will not be published. Required fields are marked *